၂၁ ရာစုပင်လုံညီလာခံ ကြိုဆိုထောက်ခံပွဲ


2016.08.21
21panglong-welcome-620.jpg ၂၁ ရာစုပင်လုံညီလာခံ ကြိုဆိုထောက်ခံ ချီတက်ပွဲကို သြဂုတ်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ကျင်းပနေစဉ်
Photo: Aung Thain Kha/ RFA

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေ ရပ်တန့်ဖို့အတွက် ၂၁ ရာစုပင်လုံ ညီလာခံဟာ အရေးကြီးကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီက ပြောပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံ ကြိုဆိုထောက်ခံ ချီတက်ပွဲမှာ ဦးဂျင်မီက ပြောခဲ့တာဖြစ်ပါတယ်။

"ကျဉ်ဆံတွေ ဖြုန်းပစ်လိုက်ကြတာပဲဗျ၊ အမြှောက်တွေကို ဖြုန်းပစ်လိုက်ကြတာပဲ၊ အမြှောက်တစ်လုံး ရဲ့တန်ဖိုးဟာ ၅ ယောက်ရှိတဲ့ မိသားစုတစ်စု တစ်လလောက် ထိုင်စားလို့ရတယ်၊ ကျည်ဆံတစ်လုံးရဲ့တန်ဖိုး ကျနော်တို့ သားငယ်၊ သမီးငယ်တွေ ခုနှစ်ရက် အာဟာရအားဖြည့်လို့ရတယ်၊ ကျနော်တို့တိုင်းပြည်ကြီး ဆင်းရဲမွဲတေမှုကို ပြန်ပြီးတော့ အနှစ်ချုပ်လိုက်လို့ရှိရင် ကျနော်တို့တိုင်းပြည်မှာ စစ်ပွဲတွေဖြစ်နေလို့ ဖြစ် ပါတယ်၊ အဲ့ဒီစစ်ပွဲတွေကို ကျနော်တို့ ရပ်တန့်ဖို့အတွက်ဆိုရင် ၂၁ ရာစု ပင်လုံညီလာခံလို အမျိုးသားပြန် လည်သင့်မြတ်ရေး ညီလာခံဟာ အင်မတန်မှ အရေးကြီးပါတယ်၊ နှစ်ပေါင်း ၃ဝ လောက် ကျနော်တို့ မျှော် လင့်တောင့်တခဲ့တဲ့ ညီလာခံတစ်ခုလည်းဖြစ်ပါတယ်"

၂၁ ရာစုပင်လုံ ညီလာခံ ကြိုဆိုထောက်ခံ ချီတက်ပွဲနဲ့ ဟောပြောပွဲဟာ ရန်ကုန်တိုင်းမှာ ဒါပထမဆုံးအကြိမ်ကျင်းပ တာဖြစ်ပါတယ်။

အဲဒီချီတက်ပွဲမှာ လူဦးရေ ၁၀၀ ကျော်ပါဝင်ခဲ့ပြီး ရွှေပြည်သာမြို့နယ်က စက်ရုံ အလုပ်သမား တချို့လည်း ပါဝင်ခဲ့ပါတယ်။

လမ်းလျှောက်ချီတက်သူတွေဟာ ၂ မိုင်ကျော် လမ်းလျှောက်ကြတာဖြစ်ပြီး ဟောပြောပွဲကို ၁၀ ရပ်ကွက် ဘောလုံး ကွင်းမှာ ကျင်းပတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။