ပါတီ ၂၉ ပါတီ ရခိုင်ကိစ္စ သတင်းစာရှင်းလင်း


2017.09.12
29party-rakhine-press-622.jpg ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီ ၂၉ ပါတီက ရန်ကုန်မြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးမှာ စက်တင်ဘာလ ၁၂ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Htet Arkar/RFA

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ပတ်သက်ပြီး အစိုးရက ကာလုံအစည်းအဝေး မခေါ်တာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မလေးစားတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဌ ဦးသိန်းညွန့် က ပြောပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၂၉ ပါတီက ဒီကနေ့ ရန်ကုန်မြို့၊ သံလွင်လမ်းမှာရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး သတင်းစာ ရှင်းလင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးလှသိန်းကလည်း လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေနဲ့ ကောလာဟလတွေရဲ့ နောက်ကွယ်မှာ သူတို့နိုင်ငံရေးပါတီတွေ ပါဝင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ မဟုတ်မှန်ဘူးလို့လည်း ငြင်းဆိုပါတယ်။

နိုင်ငံရေးပါတီ ၂၉ ပါတီဟာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက် ပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ကာလုံအစည်းအဝေးခေါ်ပြီး အမျိုးသားလုံခြုံရေးမူဝါဒတစ်ခုချမှတ်ဖို့၊ ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေဟာ မိမိနိုင်ငံရဲ့ဥပဒေကို တိုက်ရိုက်ဖိအားပေးနေတာဖြစ်တဲ့အတွက် တာဝန်ရှိသူတွေအနေနဲ့ အချိန်ယူပြီးစဉ်စားဖို့ ၊ ပြည်ပမီဒီယာအချို့နဲ့ နိုင်ငံအချို့ရဲ့ မျိုးနွယ်စုအလိုက် သုတ်သင်ရှင်းလင်းခြင်းနဲ့ လူမျိုးတုံးသတ်ဖြတ်ခြင်းဆိုပြီး သုံးနှုန်းနေတာတွေကို အစိုးရက ပြင်းထန်စွာကန့်ကွက်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

အဲဒီကြေညာချက်ကို နိုင်ငံတော်သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတကာသံရုံးတွေ ထံ ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။