ရခိုင်ကထွက်လာတဲ့ ရိုဟင်ဂျာ ၃၀ ဘိုကလေးမှာ ဖမ်းဆီးခံရ

2021.11.11
ရခိုင်ကထွက်လာတဲ့ ရိုဟင်ဂျာ ၃၀ ဘိုကလေးမှာ ဖမ်းဆီးခံရ ဘိုကလေးမြို့နယ် ရွာသစ်ကျေးရွာအနီးမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာများကို နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ထွက်လာတဲ့ ရိုဟင်ဂျာ အမျိုးသမီး ၂၅ ဦး၊ အမျိုးသား ငါးဦး စုစုပေါင်း ၃၀ ဟာ ဘိုကလေးမြို့နယ် ရွာသစ်ကျေးရွာအနီးမှာ နိုဝင်ဘာလ ၁၀ ရက် မနေ့မနက်က ဖမ်းဆီးခံခဲ့ရပါတယ်။

စက်လှေနဲ့ ဘိုကလေးမြစ်ထဲမှာ သွားနေစဉ် ဒေသခံတွေက တားမြစ်စစ်ဆေးရာမှာ ဖမ်းဆီးခံခဲ့ရတာလို့ ဒေသခံ ကိုလှအောင်ကပြောပါတယ်။

"အစကတော့ သူတို့မှန်းမသိပါဘူး၊ ဒီဘက်မှာက ကျွဲနွား မှောင်ခိုကူးတာ အရမ်းများတော့၊ မှောင်ခိုကူးတဲ့ ပဲ့ထောင်မှတ်လို့ တားပြီးစစ်လိုက်တာ။ သူတို့အကုန်လုံးကို ဘိုကလေးရဲစခန်းက လာခေါ်သွားပါပြီ"

သူတို့ဟာ ရခိုင်ပြည်နယ် ဘယ်မြို့နယ်တွေကဆိုတာ လတ်တလောမသိရသေးပါဘူး။

အဲဒီရိုဟင်ဂျာတွေကို တွံတေးမြို့နယ်ဘက်ကို ဦးတည်ထွက်ခွာလာကြတာဖြစ်ပြီး စက်လှေနဲ့အတူ ဦးဆောင် ခေါ်ယူလာတဲ့ ဒေသခံသုံးဦးကိုလည်း ဘိုကလေးရဲစခန်းမှာ ရဲကစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာ ၃၀ ကိုလည်း ဘိုကလေးမြို့ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။