ဘားအံထောင်က အကျဉ်းသား ၄၀ ကျော် ထွက်ပြေး


2018.09.16
hpa-an-prisoners-622.jpg ပြန်လည်ဖမ်းဆီးရမိတဲ့ အကျဉ်းသားတချို့ကို ၂၀၁၈ စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - ကရင်ပြည်နယ်ရဲတပ်ဖွဲ့

ကရင်ပြည်နယ် ဘားအံမြို့ အကျဉ်းထောင်က အကျဉ်းသား အယောက် ၄ဝ ကျော် စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်း က ထောင်ဖောက် ထွက်ပြေးသွားခဲ့ကြပါတယ်။

ထွက်ပြေးသူတွေဟာ အကျဉ်းထောင်အတွင်း ဝန်ထမ်းတဦး မောင်းနှင်နေတဲ့ အမှိုက်သိမ်းကားတစီးကို လုယူပြီး ထောင်တံခါးတွေကို တိုက်ဖွင့် ထွက်ပြေးသွားခဲ့ကြတာလို့ အရာရှိတဦးဖြစ်တဲ့ ဒေါ်ခင်သက်မာက ပြော ဆိုကြောင်း AFP သတင်းက ဖော်ပြပါတယ်။

အမှိုက်သိမ်းကား ယာဉ်မောင်းကို အကြမ်းဖက် ရိုက်နှက်ထိုးကြိတ်ပြီး လုယူခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

ထွက်ပြေးသွားတဲ့ အကျဉ်းသား ၄၁ ဦးထဲမှာ ငြိမ်းချမ်းရေးအဖွဲ့ဝင်တွေ အပါအဝင်၊ ရာဇဝတ်မှုမျိုးစုံနဲ့ အကျဉ်းကျနေသူတွေ ပါဝင်တယ်လို့လည်း ပြောပါတယ်။

ထွက်ပြေးသွားသူတွေထဲက သုံးဦးကို ပြန်လည်ဖမ်းဆီးမိထားပြီး၊ ကျန်တဲ့သူတွေကို ဆက်လက် ရှာဖွေနေတယ်လို့ ပြည်နယ်ရဲချုပ်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။