လူမှောင်ခိုဂိုဏ်းကို ဖြိုခွင်းပြီး မြန်မာနိုင်ငံသားများကို ကယ်တင်နိုင်
2011.06.14

RFA
ဒီကိစ္စနဲ့ပတ်သက်လို့ TACDB အဖွဲ့က ထိုင်းရှေ့နေတဦးဖြစ်တဲ့ Mr. Nasa က RFA ကို -
"မြန်မာ အလုပ်သမား အမျိုးသား ၂၈ ယောက်နဲ့ အမျိုးသမီး ၂၄ ယောက်ကို အိမ်တွေထဲမှာ ပိတ်လှောင် ထားတာကို ရဲတပ်ဖွဲ့ရဲ့ အကူအညီနဲ့ကျနော်တို့ကယ်လိုက်နိုင်ခဲ့တာပါ။ သူတို့ကို ခေါ်လာပြီး အိမ်တွေထဲ ဖမ်းထားတဲ့ လူမှောင်ခိုဂိုဏ်းဝင်တွေ ဖြစ်တဲ့ ထိုင်းနိုင်ငံသား ၅ ယောက်နဲ့ မြန်မာ နိုင်ငံသား ၃ ယောက်ကိုလည်း မနေ့ညက ဖမ်းမိထားပြီးပါပြီ" လို့ ပြောပါတယ်။
အခုတော့ သူတို့ကို ဆမ်ထွတ် ရဲစခန်းမှာ ထိမ်းသိမ်းစောင့်ရှောက်ထားပြီး တရားဥပဒေအရ ဆက်လက် အကူအညီပေးဖို့ဆောင်ရွက်နေ ပါတယ်လို့သူက ပြောပါတယ်။
လူမှောင်ခိုတွေက တဆင့်ပြန်ပြီး ရောင်းစားတာ ခံခဲ့ရပြီး အခု ထိုင်းအာဏာပိုင်တွေ ကယ်တင်နိုင်ခဲ့တဲ့ မြန်မာတဦးကို ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |