ကရင်ပြည်နယ်နေ့ အခမ်းအနားကို သမ္မတ သဝဏ်လွှာပို့


2016.11.07
karen-state-day-nankhinhtwemyint-620.jpg နိုဝင်ဘာလ ၇ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကျင်းပတဲ့ ၆၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်း ခင်ထွေးမြင့် အဖွင့်အမှာစကားပြောကြားနေစဉ်
Photo: KAREN RADIO Station/ Facebook

ဒီနေ့ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကျင်းပတဲ့ ၆၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို နိုင်ငံတော် သမ္မတ ဦးထင်ကျော်က သဝဏ်လွှာ ပေးပို့လိုက် ပါတယ်။

အဲဒီ သဝဏ်လွှာမှာ အရင်က တိုက်ပွဲတွေများခဲ့တဲ့ ကရင်ပြည်နယ်ဟာ မကြာခင်မှာ စက်ရုံအလုပ်ရုံ တွေနဲ့ စည်ပင်လာတော့မှာ ဖြစ်တဲ့အတွက် ဝမ်းသာကြောင်းနဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ရာမှာ တိုင်းရင်းသားအားလုံး တန်းတူပါဝင်ဖို့ အရေးကြီးကြောင်း ပါရှိပါတယ်။

နိုင်ငံတော်သမ္မတက ကရင်ပြည်အတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို မကြာခင် ကျင်းပဖို့ စီစဉ်နေတယ်လို့ ကြားရတဲ့အတွက် ဝမ်းသာတယ် လို့လည်း သဝဏ်လွှာမှာ ထည့်သွင်း ပြောကြားထားပါတယ်။

နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးဆွေးနွေးပွဲတွေကနေ ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာမှသာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူဝါဒတွေ ရရှိနိုင်မယ်လို့ ယုံကြည် ကြောင်းလည်း ပါရှိပါတယ်။

၁၉၅၁ ခုနှစ်က သံလွင်ခရိုင်၊ ဖာပွန်ဒေသကို ကရင်ပြည်နယ်အဖြစ်သတ်မှတ်ခဲ့ပြီး ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က စတင်ပြီး ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းနားတွေကို ကျင်းပလာခဲ့ တာဖြစ်ပါတယ်။

ဒီနေ့ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကျင်းပတဲ့ ၆၁ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းတို့ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။