၆၆ ဃနဲ့ အရေးယူခံရရင် အာမခံပေးဖို့ အကြံပြုထား


2017.05.04
nunuyin-620.JPG ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲအတွင်းဝန် ဒေါ်နုနုယဉ် ကို အစိုးရ ၁ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ မေလ ၄ ရက်နေ့က တွေ့ရစဉ်
Photo: Win Naung Toe/RFA

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ ကို အာမခံပေးဖို့ အကြံပြုထားကြောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး အမြဲ အတွင်းဝန် ဒေါ်နုနုယဉ်က ဒီနေ့ အစိုးရ ၁ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်ဖို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ဥပဒေအကြံတောင်းထားတာနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းရာမှာ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က ပြောဆိုလိုက်တာပါ။

ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြုပြီး လူပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင် ထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းစတဲ့ ပြစ်မှုတခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထိုသူကို ၃ နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်၂ ရပ်စလုံးဖြစ်စေ ချမှတ်ခံရမည်လို့ ပြဌာန်းပါရှိပါတယ်။

အစိုးအရသစ် တစ်နှစ်ပြည့်သတင်းစာရှင်းလင်းပွဲကို ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီကနေ့ ပြုလုပ်ရမှာ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့စတဲ့ ဌာနတွေက ရှင်းလင်းခဲ့တာဖြစ် ပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွ့ဲအနေနဲ့လည်း နိုင်ငံ့ဝန်ထမ်းတွေရဲ့အပေါ်မှာ ပြည်သူလူထုရဲ့ အမြင်စစ်တမ်းကို လာမယ့် စက်တာဘာလနဲ့ အောက်တိုဘာလထဲမှာ ပထမဆုံးအကြိမ် စမ်းသပ်ကောက်ခံသွားမှာဖြစ်ကြောင်း လည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစောဗယ်လင်တိုင်းက ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။