NLD ကိုယ်စားလှယ်လောင်းတွေ အတွက် ၈၈ ခေါင်းဆောင်တွေ မဲဆွယ်ပေးမည်


2015.09.28
88-nld-620.jpg NLD နဲ့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ နိုင်ငံရေးပူးတွဲ ကြေညာချက်စာတမ်း သတင်းစာရှင်းလင်းပွဲ ကို မေလ ၂၇ ရက်နေ့က ရန်ကုန်မြို့ NLD ရုံးချုပ်မှာပြုလုပ်စဉ်
Photo: Kyaw Zaw Win/ RFA

ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးက  အောက်တိုဘာလ ၆ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အသိပညာပေးဟောပြောပွဲကို NLD နာယက ဦးတင်ဦးနဲ့အတူ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုမြအေးတို့ တက်ရောက်ဟောပြောမယ်လို့ သိရပါတယ်။  အခမ်းအနား စီစဉ်နေသူတစ်ဦးဖြစ်တဲ့ ပန်းဘဲတန်းမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေဖူးဘဆွေက ကုန်ဈေးတန်းလမ်းနဲ့ အနော်ရထာလမ်းထောင့် မှာ ကျင်းပမယ့် အဲဒီဟောပြောပွဲဟာ ၈၈ မျိုးဆက်နဲ့ NLD နဲ့ ပူးပေါင်းမှုကို သက်သေပြရာကျပါလိမ့်မယ်လို့ RFA  ကိုပြောပါတယ်။

"၃ နာရီမှာ ဦးတင်ဦး ဟောပါမယ်၊ ၈၈ ဘက်က ဦးမင်းကိုနိုင်နဲ့ ဦးမြအေး ဟောပါမယ်၊ အတူတူလုပ်နေတယ် ဆိုတာ ပြည်သူအရှေ့မှာထွက်ပြီးတော့ ဟောပြောပေးပါမယ်"

အချကျင်းပမယ့် ဟောပြောပွဲအတွက် ခွင့်ပြုမိန့်ရရှိပြီးပြီလို့လည်း သိရပါတယ်။ ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦး ကလည်း အဲဒီအခမ်းအနားကို ကိုမင်းကိုနိုင် တက်ရောက်ဟောပြောမှာဖြစ်တယ်လို့ RFA ကို အတည်ပြုပြောဆို ပါတယ်။

NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးနေဖူးဘဆွေကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။