ဖားကန့် စစ်ဘေးဒုက္ခသည်တွေကို ၈၈ အဖွဲ့ သွားရောက်ကူညီ


2015.02.05
88-kachin-refugees-305.jpg ကံဆီးကျေးရွာက ဒုက္ခသည်တွေကို ကူညီဖို့ ဖေဖော်ဝါရီ်လ ၅ ရက်နေ့က ၈၈ အဖွဲ့ မြစ်ကြီးနားမြို့ကနေ ထွက်ခွါခဲ့ပါတယ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်မြို့ ကံဆီးကျေးရွာမှာ ခိုလှုံနေ ကြတဲ့ စစ်ဘေးဒုက္ခသည် ၃၀၀၀ လောက်အတွက် ဆန်အိတ် တစ်ထောင်နဲ့ စားနပ်ရိက္ခာတွေ လှူဒါန်းဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ဝင်တွေ မြစ်ကြီးနားမြို့ကနေ ဒီနေ့ ထွက်ခွာသွား ကြပါတယ်။

အများပြည်သူ လှှုဒါန်းထားတာတွေကို ကိုယ်တိုင် သွားရောက်ပေးပို့တာလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးက မြစ်ကြီးနားမြို့ ကနေ မထွက်ခွာမီ RFA ကို ပြောပါတယ်။

"ကျနော်တို့က ဆန်အိတ်တစ်ထောင်နဲ့ ဆီပုံးတွေ၊ ကြက်သွန်တွေ၊ ဆားတွေ ပါတယ်ဗျာ၊ လူအယောက် ၃ဝဝဝ စာလောက် အတတ်နိုင်ဆုံး ကျနော်တို့ကို ပြည် သူတွေ လှူဒါန်းတယ်ဆိုတဲ့အခါမှာ လှူဒါန်းထားတဲ့ ဟာတွေကို ကျနော်တို့ ကိုယ်တိုင်ကိုယ်ကျ စစ်ဘေး ဒုက္ခသည်တွေရဲ့ လက်ထဲကို ထည့်ပေးစေချင်တယ်"

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းပိုင်းကတည်းက ဖားကန့်မြို့မှာ အစိုးရတပ်မတော် တပ်မ ၆၆ နဲ့ ကေအိုင်အေ တပ်မ ၆ တို့ တိုက်ပွဲတွေဖြစ်ပွားရာမှာ ဖားကန့်မြို့နယ်အတွင်းက စစ်ဘေးသင့်တဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ကံဆီးကျေးရွာမှာ စုပေါင်းခိုလှုံနေကြတာ ဖြစ်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဟာ ဖားကန့်မြို့ရောက်ရင် အစိုးရတပ် တပ်မ ၆၆ နဲ့ ညှိနှိုင်းပြီး ဒုက္ခသည်ကျေးရွာတွေကို သွားရောက်မှာဖြစ်ပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြအေးကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။