၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ KIA တာဝန်ရှိသူတွေနဲ့ ဆွေးနွေး

ကချင်ပြည်နယ်ကိုရောက်ရှိနေကြတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေး ဦးဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့ လိုင်ဇာမြို့မှာ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရပါတယ်။

2013.01.04
88-meet-kia-305 KIA နဲ့တွေ့ဖို့ ကချင်ပြည်နယ်ကို ရောက်ရှိနေကြတဲ့ ကိုမြအေးခေါင်းဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားတွေပုံ
Photo: 88 facebook

ကိုမြအေး ဦဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ကချင်ဒုက္ခသည်စခန်းတွေကို သွားရောက်မှာဖြစ်တယ်လို့လည်းသိရပါတယ်။ ၈၈မျိုးဆက်ကျောင်းသားတွေရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ ကိုမြအေးနဲ့အတူ ကိုထွန်းမြင့်အောင်၊ မနီနီလွင်နဲ့ မစန်းစန်းမော်တို့ လိုက်ပါသွားကြပါတယ်။

မနေ့တုန်းကလည်း ကိုမြအေးတို့အဖွဲ့ဟာ ဗိုလ်ချုပ်ဂွမ်မော်အပါအဝင် KIA တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြကြောင်းလည်းသိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကချင်ပြည်နယ်မှာ မြန်မာအစိုးရတပ်တွေနဲ့ KIA တပ်တွေရဲ့တိုက်ပွဲတွေ အရှိန်မြင့်တက်လာနေတဲ့အပေါ် နှစ်ဖက်တိုက်ခိုက်မှုတွေ အမြန်ဆုံးရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်းကြဖို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

အခုခရီးစဉ်နဲ့ ပတ်သက်ပြီး ကိုမြအေးကို RFA ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။