တိုင်းပြည်အကျိုးအတွက် NLD အောင်နိုင်ရေး ဆောင် ရွက်နေတာလို့ ကိုမင်းကိုနိုင် ပြော


2015.10.19
minkonaing-620.jpg ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင် ကို တွေ့ရစဉ်
Photo: RFA

၈၈ မျိုးးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လာမယ့်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် သူတို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ပါဝင်စည်းရုံးနေတာဟာ တိုင်းပြည်အကျိုးကို ရှေးရှုပြီးဆောင်ရွက်နေတာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

သူတို့အဖွဲ့ဝင်တွေကို ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခြင်းမပြုခဲ့ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် သူတို့အဖွဲ့က တက်တက်ကြွကြွ မဲဆွယ်စည်းရုံးပေးနေတာနဲ့ ပတ်သက်ပြီး RFA က ဒီကနေ့ မေးမြန်းခဲ့ရာမှာ ကိုမင်းကိုနိုင်က မိမိတို့အနေနဲ့ အဓိကနဲ့ သာမညကို ခွဲခြားဆုံးဖြတ်ခဲ့တယ်လို့ပြောပါတယ်။

"ကျနော်တို့က အဓိကနဲ့ သာမညကို ခွဲတာပဲဗျ၊ ဒီတိုင်းပြည်အတွက် အဓိကကဘာလဲဆိုတာကို ကျနော် တို့ ရွေးချယ်လိုက်တာပါပဲ၊ ကျနော်တို့ ဒီလောက်ခရီးကြမ်းကြီးမှာ ခံစားချက်တို့ တစ်ကွေ့ခြင်းအကြောင်းတွေပြော ရင် မဆုံးဘူးလေ၊ ဒါပေမဲ့ ကျနော်တို့က ဒီအချိန်မှာ အရေးကြီးဆုံးအလုပ်ဟာ ကျနော်တို့ ကွဲပြားလို့မရဘူး၊ ကျနော်တို့စုထားမှရမယ်၊ ဒါကျနော်တို့ အခြေခံနားလည်ပြီးသား အဲတော့ ဘယ်လိုရလဒ်မျိုးပဲထွက်ထွက်ပေါ့ အမတ်လောင်းစာရင်းမှာ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာကို အစောကြီးကတည်းက စဉ်းစား ပြီးသားပါ"

ဒ့ါအပြင် လာမယ့်ရွေးကောက်ပွဲဟာ အမှန်တကယ် ရိုးဖြောင့်မှု လွတ်လပ်မှုနဲ့ သန့်ရှင်းမှု ရှိမယ်ဆိုရင် ဒီမိုကရေစီအဖွဲ့သားတွေဘက်က မုချအနိုင်ရမှာဖြစ်ကြောင်းလည်း သူကပြောကြားလိုက်ပါတယ်။

လာမယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းပွင့်ခေါင်းဆောင် ကိုမင်းကိုနိုင် ကို RFA အဖွဲ့သား ဦခင်မောင်စိုးက ၈၈ ဌာနချုပ်မှာ တွေ့ဆုံမေးမြန်းခဲ့တာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။