မြန်မာအစိုးရရဲ့ ပြည်တွင်းပိတ်ဆို့မှု ၈၈ ကျောင်းသားများ ထောက်ပြ
2012.04.30

မြန်မာနိုင်ငံကို ရောက်နေတဲ့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle က နိုင်ငံရေးနဲ့ လူထုအဖွဲ့အစည်း ခေါင်းဆောင်တွေ၊ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ Chatrium Hotel မှာ ဖိတ်ကြားဆွေးနွေးချိန် အဲဒီလို ပြောကြားလိုက်တာပါလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက RFA ကို ပြောပါတယ်။
ဂျာမဏီနိုင်ငံအနေနဲ့ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအလိုက် အကူအညီတွေ ပေးသွားဖို့ ရှိတယ်လို့ ဂျာမန်နိုင်ငံခြားရေး ဝန်ကြီးက ပြောကြောင်း ကိုကိုကြီးက ဆိုပါတယ်။
မြန်မာနိုင်ငံပေါ် ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းရေးဟာ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်မြန်ဆန်အောင် လုပ်မလဲ ဆိုတဲ့ပေါ်မှာ မူတည်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့က သုံးသပ်တယ်လို့ ကိုကိုကြီးက ပြောပါတယ်။
ဂျာမန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ အခြားသူတွေလည်း တက်ရောက်ကြောင်း သိရပါတယ်။