ရှစ်လေးလုံး အရေးတော်ပုံ ၂၉ နှစ်ပြည့် ကျင်းပ


2017.08.08
8888-622.jpg ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၉ နှစ်ပြည့်အခမ်းအနား ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီယကျောင်းမှာ သြဂုတ်လ ၈ ရက်နေ့ကကျင်းပခဲ့စဉ်
Photo: Thant Zin Oo/RFA

ဒီကနေ့ ကျရောက်တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၉ နှစ်ပြည့်အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်း သားဟောင်းတွေက ဦးစီးပြီး ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီယကျောင်းမှာ ကျင်းပပြီး သြဂုတ်လ ၈ ရက်နေ့ကို မြန်မာ့ ဒီမိုကရေစီနေ့အဖြစ် တရားဝင် သတ်မှတ်ဖို့ အပါအဝင် အချက် ၃ ချက်ကို အစိုးရနဲ့ လွှတ်တော် ကို တောင်းဆိုလိုက်ပါတယ်။

သြဂုတ်လ ၈ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုတာနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ယောာက်ဖြစ်တဲ့ ဦးမြအေးက အခုလို ပြောပါတယ်။

ဒီကနေ့ အခမ်းအနားမှာ သြဂုတ်လ ၈ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ပေးဖို့အပြင် ရှစ်လေးလုံး အရေးတော်ပုံ သမိုင်းပြတိုက်ကြီး ပေါ်ပေါက်လာဖို့ အစိုးရက အမြန်ဆုံး အသိအမှတ်ပြုဆောင်ရွက်ပေးဖို့နဲ့ ငြိမ်းချမ်းရေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုံလင်စွာပါဝင်နိုင်အောင် ဖန်တီးဖော်ဆောင်ပေးဖို့ စတဲ့အချက်တွေကိုလည်း တောင်းဆိုကြပါတယ်။

ဒါ့အပြင် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်းကျဆုံးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင် ကြီးတွေကို အလေးပြုပြီး ဒီမိုကရေစီတိုက်ပွဲအဆက်ဆက်မှာ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူတွေကို ဂုဏ်ပြုသောအားဖြင့် ၈ စက္ကန့်ငြိမ်သက်ခဲ့ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ရှစ်လေး လုံး အရေးတော်ပုံ ၂၉ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားတွေကို ရန်ကုန်မြို့ အပြင် မော်လမြိုင်၊ မန္တလေး စတဲ့ မြို့ကြီးတွေမှာလည်း ပြုလုပ်ကျင်းပကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။