ရှစ်လေးလုံးသမိုင်း ဖော်ထုတ်ရေး လန်ဒန်မှာတောင်းဆို


2015.08.08

၂၇ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ်ပတ်လည်အဖြစ် ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသား တချို့ လန်ဒန်မြို့ရှိ မြန်မာသံရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေက လက်ရှိအစိုးရဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေပါတယ်လို့ ပြောဆိုနေပေမယ့် လက်တွေ့ အကောင်အထည်ဖော်မှု မရှိသလောက်ဖြစ်ကြောင်း၊ ရှစ်လေးလုံး ဒီမိုကရေစီ တော်လှန်ရေးုဖြစ်ပွားခဲ့ တာ ၂၇ နှစ် ရှိပြီဖြစ်ပေမယ့် တကယ့်အဖြစ်အပျက်မှန်တွေကို လူထုကသိခွင့်မရသေးကြောင်းနဲ့ အဲ့ဒီလို သမိုင်း ကနေ ထုတ်ဖယ်တိမ်မြုပ်ထားတဲ့ ရှစ်လေးလုံးသမိုင်းကို အတိအလင်း ပြန်လည်ဖော်ထုတ်ဖို့ လိုနေပြီဖြစ်ကြောင်း စသဖြင့်ပြောကြားခဲ့ကြပါတယ်။

မနေ့က ဆန္ဒပြပွဲကို ဦးဆောင်သူဖြစ်ပြီး ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်တဲ့ ကိုအောင် က ရှစ်လေးလုံးအရေးတော်ပုံကို အကြမ်းဖက်ဖြိုခွဲခဲ့သူတွေအနေနဲ့ သူတို့ မှားယွင်းကြောင်း တိုင်းပြည်ကို တောင်းပန် သင့်ပြီလို့  RFA ကိုပြောပါတယ်။

"၈၈ မှာသတ်ဖြတ်ခဲ့တာက သူတို့မှားပါတယ်ဆိုတာ ဝန်မခံသေးဘူးဗျာ၊ အဓိကကတော့ ၈၈ မှာ လက်နက် မဲ့ ကျောင်းသားပြည်သူတွေ၊ ရဟန်းသံဃာတွေကို သတ်ဖြတ်ခဲ့တာ သူတို့မှာတာဝန်ရှိတယ်၊ သူတို့မှားပါတယ် ဆိုတာက အဲ့ဒီအချက်က အရေးအကြီးဆုံးအချက်၊ အဲ့ဒီအချက်ကိုကျော်တော့မှ ကျနော်တို့က ဒီအမှန်တရား ကပေါ်လာမှာ၊ အမှန်တရားပေါ်လာမှ အဲ့ဒီအချက်ကိုလက်ခံမှ ကျနော်တို့က ဒီသမိုင်းမှာ တကယ့်နောင် လာနောင်သားတွေ သိရှိအောင် တရားဝင်သင်ကြားပိုင်ခွင့်ရမှာ၊ အခုလက်ရှိက အဲ့ဒီအဆင့်ကိုမရှိဘူး၊ ၈၈ က သူတို့မှားပါတယ်ဆိုတာကို ဝန်ကိုမခံသေးတာ၊ ဆိုတော့ ဒီဟာသတ်ဖြတ်ခဲ့တာက သူတို့အတွက်အမှန်တရားပါ လို့ ဖြစ်နေတာပဲ"

လန်ဒန်မြို့ မြန်မာသံရုံးရှေ့က  ရှစ်လေးလုံး ၂၇ နှစ်မြောက်ဆန္ဒပြပွဲကို မြန်မာနိုင်ငံသား ၂ဝ ကျော် ပါဝင်တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။