ဘင်္ဂလားဒေ့ရှ် ဝက်ဘ်ဆိုက် အချို့ကို မြန်မာ “ဟက်ကာ” တွေ တိုက်ခိုက်ဟုဆို

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ရေပိုင်နက် အငြင်းပွားမှုအပေါ် ကုလသမဂ္ဂ ရေပိုင်နက်ဆိုင်ရာ တရားရုံးက စီရင်ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် လူသုံးများတဲ့ ဘင်္ဂလားဒေ့ရှ် အင်တာနက် စာမျက်နှာတွေ အတော်များများကို “ဟက်ကာ” ( hacker ) လို့ ခေါ်တဲ့ အင်တာနက် ဖောက်ထွင်း ဝင်ရောက်မွှေနှောက်သူတွေက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

2012.04.14
internet_cafe_305px.jpg ရန်ကုန်္ဘမိြႚရြိ အင်တာနက်ကဖေး တခုတြင် ကြန်ပဵတြာ အသုံးူပြနေုကသော လူငယ်မဵား ူဖစ်ပၝသည်။ (Photo: AFP)
(Photo: AFP)

တရားရုံးရဲ့အဆုံးအဖြတ်ဟာ နှစ်နိုင်ငံလုံးအတွက် မျှတပါတယ်လို့ ကျွမ်းကျင်သူတချို့က မှတ်ချက်ပြုခဲ့ကြပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နှစ်နိုင်ငံဘက်က ဟက်ကာတွေရဲ့ အင်တာနက် တိုက်ခိုက်မှုတွေ အရှိန်မြင့်လာခဲ့တယ်လို့ အိန္ဒိယ အင်တာနက် အွန်လိုင်းသတင်းစာ တစ်စောင်က ဖော်ပြပါတယ်။

ဧပြီလ (၁၁) ရက်နေ့ညက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူကြည့်အများဆုံး bdnews24.com အွန်လိုင်းသတင်း စာမျက်နှာကို (၁၅) မိနစ်ကြာ ဖွင့်ကြည့်လို့မရဘဲ မြန်မာနိုင်ငံက ဟက်ကာတစ်ဦးရဲ့အမည်နဲ့ အလုပ်အကိုင်သာ ပေါ်နေတယ်လို့ ဆိုပါတယ်။

အလားတူ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ အင်တာနက်စာမျက်နှာ (၃) ခုအပါအဝင် အနည်းဆုံး ဝက်ဘ်ဆိုက် (၄၀) လောက်ဟာ မြန်မာနိုင်ငံကလို့ ဆိုတဲ့ ဟက်ကာတွေရဲ့ အတိုက်ခိုက် ခံခဲ့ရတယ်လို့ rediff.com ဆိုတဲ့ အိန္ဒိယ အွန်လိုင်းသတင်းစာက ဖော်ပြပါတယ်။

ဒါ့အပြင် မကြာခင် ရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေ အရှိန်မြင့်လာဖွယ် ရှိတယ်လို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။