စစ်တွေမြို့မှာ အိန္ဒိယကောင်စစ်ဝန်ရုံး ဖွင့်လှစ်တော့မည်


2014.08.02
india-flag-305.jpg အိန္ဒိယအလံပုံ
Photo: Forwallpaper Website

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယကောင်စစ်ဝန်ရုံးကို အခုလ ၁၅ ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။

စစ်တွေမြို့မှာ အခုလို ပထမဆုံးအကြိမ် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ရုံး ဖွင့်ဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ နောက်ဆုံးပတ်က မြန်မာအစိုးရနဲ့ သဘောတူညီခွင့်ပြုချက်ရရှိခဲ့တာလို့ အမည်မဖေါ်လိုတဲ့ အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။

အဲဒီအတွက် စစ်တွေမြို့ မြောက်စံပြရပ်ကွက် တော် ဝင်နှင်းဆီအိမ်ယာမှာ သြဂုတ် လ ၁၅ ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး အဲဒီနေ့မှာကျရောက်မယ့် အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကိုလည်း တပါတည်းကျင်းပသွားမှာ ဖြစ်တယ်လို့သိရှိရပါတယ်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကို RFA က မေးမြန်းရာမှတော့ ဒီသတင်းမမှန်ကန်ကြောင်း ငြင်းဆိုပါတယ်။

အခုလက်ရှိမှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယကောင်စစ်ဝန်အဖြစ် တာဝန်ထမ်းဆောင်မယ့် Mr. Narider Sinah ဟာ စစ်တွေမြို့ကို ပြီးခဲ့တဲ့လကတည်းက ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရှိရပါတယ်။

အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ဆောင်ရွက်အကောင်အထည်ဖော်နေဆဲဖြစ်တဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်းဟာ လာမယ့် ၂၀၁၅ ခုနှစ်မှာ အပြီးသတ်မှာဖြစ်ပြီး ရခိုင်ပြည်နယ် ကုလားတန်မြစ်ကို အသုံးပြုပြီး အိန္ဒိယနိုင်ငံ ကာလကတ္တားကနေ စစ်တွေ- ပလက်ဝ-အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းလည်း ပွင့်လာတော့မှာဖြစ်တဲ့အတွက် အခုလို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယကောင်စစ်ဝန်ရုံးကို စစ်တွေမြို့မှာ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ်အစိုးရအရာရှိ အသိုင်းအဝိုင်းကပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။