ကျောက်စိမ်းတွင်း တနိုင်တပိုင် လုပ်သူတွေကို လုပ်ကွက်ကနေ ပြောင်းခိုင်း

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ် အတွင်းမှာရှိတဲ့ ကျောက်စိမ်း လုပ်ကွက်တွေမှာ ကျောက်စိမ်းနဲ့ရွှွေ တစ်နိုင်တစ်ပိုင် တူးဖော်လုပ်ကိုင်နေ ကြသူတွေကို ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး သက်ဆိုင်ရာဒေသ အာဏာပိုင်တွေက အတင်းပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

2013.02.04
pharkant_305 ဖားကန့် နေရာပြမြေပုံ
Photo: Google Map

အဲဒီလို ပြောင်းရွှေ့ခိုင်းနေတာကြောင့် အခုရက်ပိုင်း အတွင်း တနိုင်တပိုင် အလုပ်လုပ်ကြသူ ဦးရေ ၆ သောင်းနီးပါး ပြောင်းရွှေ့သွားကြပြီးပြီလို့ သိရပါတယ်။

ဖားကန့်ကျောက်စိမ်းတွင်း ဒေသတစ်ခုလုံးမှာ ဒေသခံတွေ အပါအဝင် မြန်မာပြည်အနှံ့က ကျောက်နဲ့ ရွှေတူးဖော်လုပ်ကိုင်နေကြသူ စုစုပေါင်း လူဦးရေ တစ်သိန်း ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြောင်းရွှေ့နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ လက်ရှိလုံးခင်းတဝိုက်မှာ အထူးသဖြင့် ရွှေ့ပြောင်းခိုင်းတယ်၊ တဲတွေ တော်တော်များများကတော့ ပြောင်းသွားကြပါပြီ၊ တချို့နေရာတွေမှာကျတော့ တဲတွေဖျက်ပြီးမှ ပြောင်းခိုင်းတယ်"

ဒါ့အပြင် ကျောက်စိမ်းတွင်း လုပ်ကွက်တွေထဲမှာ လုံခြုံရေးအင်အားတွေ သိသိသာသာ တိုးမြှင့်ချထားတာတွေလည်း တွေ့နေရတယ်လို့ သိရပါတယ်။

ဖားကန့် ကျောက်စိမ်းတွင်းတွေမှာ ကင်းလှည့်နေတဲ့ စစ်တပ်တွေနဲ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ တစ်နိုင်တစ်ပိုင် တူးဖော် လုပ်ကိုင်နေသူတွေ တူးဖော်ရရှိတဲ့ ကျောက်တွေအပါအဝင် ကျောက်တူးဖော်တဲ့ ပစ္စည်းကိရိယာတွေကိုပါ လုံခြုံရေး တာဝန်ကို အကြောင်းပြပြီး နေ့စဉ် ရက်ဆက်ဆိုသလို သိမ်းယူတာတွေလည်း ရှိနေတယ်လို့ ကျောက်တူးဖေါ်သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။