ရိုဟင်ဂျာ သိန်းနဲ့ချီထွက်ပြေးမှု သုံးနှစ်ပြည့်


2020.08.24
rohingya-flee-622.jpg ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: MUNIR UZ ZAMAN / AFP

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်နှိမ်နင်းရေးနဲ့ နယ်မြေရှင်းလင်းရေးဆိုတဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်ဆင်ရေးကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးသွားတာ အခုဆို သုံးနှစ်ပြည့်ပြီဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန် အခြေစိုက် Center for Global Policy ကမ္ဘာလုံးဆိုင်ရာမူဝါရေးရာဗဟိုအဖွဲ့က ကမကထပြုပြီး၊ “လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံရတဲ့ ရိုဟင်ဂျာတွေရဲ့အနာဂတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ အွန်လိုင်းဆွေးနွေးပွဲတစ်ခုကို မနေ့က ကျင်းပပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်သံရုံးအရာရှိက ကုလသမဂ္ဂအချက်အလက်ရှာဖွေ ရေးအဖွဲ့ IFFM အဖွဲ့ရဲ့အစီရင်ခံစာပါအချက်တွေကို ထောက်ပြပြီး ဆွေးနွေးတဲ့အခါ၊ ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာသံရုံး လက်ထောက်သံအမတ် ဒေါ်မြတ်သီတာအေးက၊ မြန်မာအစိုးရအနေနဲ့ အဲဒီအဖွဲ့ကို အသိအမှတ်ပြုမထားတဲ့အတွက် သူတို့အဖွဲ့ရဲ့ အစီရင်ခံစာပါအချက်တွေကိုလဲ အသိအမှတ်မပြုတဲ့အကြောင်း ပြန်လည်ဆွေးနွေးပါတယ်။

ဆွေးနွေးပွဲကို ရိုဟင်ဂျာအရေးဆိုင်ရာ ဥပဒေ ကျွမ်းကျင်သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးကျွမ်းကျင်သူတွေ တက်ရောက်ပါတယ်။

ဒီအတောအတွင်းမှာပဲ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခံခဲ့ရတာ သုံးနှစ်ပြည့်ချိန်မှာ ကမ္ဘာကြီးက ရိုဟင်ဂျာတွေကို  မေ့မထားဖို့ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်းက ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။