အမေရိကန်ဝန်ကြီး သြင်္ကန် နဲ့ နှစ်သစ်ကူး ဆုတောင်းလွှာပို့


2017.04.12
ygn-thingyan-2017-620.jpg ရန်ကုန်မြို့တော် မဟာသြင်္ကန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲကို ဒီကနေ့ တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး မဟာသြင်္ကန်ပွဲတော်ကို မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေလို့ အမေရိကန်ပြည်ထောင်စုအစိုးရကိုယ်စား နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ရက်ခ်စ် တီလာဆန် က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဧပြီလ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ သြင်္ကန်ကာလဟာ ပြီးခဲ့တဲ့ တနှစ် အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးခြားပြောင်းလဲမှုတွေကို ပြန်ပြောင်းဆန်းစစ်ရမယ့်ကာလ ဖြစ်ပါတယ်။ အထူးခြားဆုံး လို့ ပြောရမှာကတော့ မြန်မာနိုင်ငံမှာ ရာစုနှစ်တဝက်ကျော်ကြာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရေစီနည်းကျ ရွေးချယ်တဲ့ အရပ်သားအစိုးရ ပေါ်ပေါက်လာခဲ့ခြင်းပါပဲလို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် အခုလို သမိုင်းဝင် ဒီမိုကရေစီ ပြောင်းလဲမှုကို မြန်မာနိုင်ငံက ဆက်လက်အားထုတ် အကောင်အ ထည်ဖေါ်နေချိန်မှာ အမေရိကန်ပြည်ထောင်စုကလည်း မြန်မာပြည်သူတရပ်လုံးနဲ့ ပူးပေါင်းဆောင်ရွက် ဖို့ ရှေးရှုရည်မှန်းပါကြောင်းနဲ့ မြန်မာပြည်သူ ပြည်သားအားလုံးအတွက် မင်္ဂလာအပေါင်း ခညောင်းတဲ့ အံသြဖွယ်ရာ နှစ်သစ်ကူး အခါသမယဖြစ်ပါစေလို့ အမေရိကန်ပြည်ထောင်စုက ဆုတောင်းမေတ္ထာ ပို့သလိုက် ပါကြောင်း ကန် နိုင်ငံခြားရေးဝန်ကြီး ရက်ခ်စ် တီလာဆန်ရဲ့ သဝဏ်လွှာမှာ ဖေါ်ပြပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။