မုဒိမ်းမှုကျူးလွန်တဲ့ တပ်သားကို ထောင်နှစ်ရှည်နဲ့ ကြိမ်ဒဏ်ချမှတ်ခဲ့ကြောင်း AA ကြေညာ

2022.10.20
မုဒိမ်းမှုကျူးလွန်တဲ့ တပ်သားကို ထောင်နှစ်ရှည်နဲ့ ကြိမ်ဒဏ်ချမှတ်ခဲ့ကြောင်း AA ကြေညာ ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များ
File Photo : AA

အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) တပ်သားနှစ်ယောက်ကို ထောင်ဒဏ် အနှစ် ၂ဝ နဲ့ ကြိမ်ဒဏ် အချက်ပေါင်း ၃ဝ ချမှတ်လိုက်တယ်လို့ AA က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ ကျောင်းတောင်ရွာက အသက် ၃၀ အရွယ် အိမ်ထောင်သည် အမျိုးသမီးကို အဲဒီစစ်သား နှစ်ယောက်က လက်နက်အားကိုးနဲ့ မုဒိမ်းမှုကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။

ကျူးလွန်ခံရသူဟာ မွတ်ဆလင် အမျိုးသမီးဖြစ်တယ်လို့ ရခိုင်သတင်းတွေမှာ ဖော်ပြပါတယ်။

ရက္ခိုင့်တပ်တော် (AA) ဟာ ဒေသတွင်းတရားဥပဒေစိုးမိုးမှုအတွက် ကိုယ်ပိုင်တရားစီရင်ခွင့် ​ပြဌာန်းစီရင်နေတယ်လို့ ဖော်ပြထားပါတယ်။

လူမျိုး ဘာသာမခွဲခြားဘဲ ပြဌာန်းထားတဲ့ ဥပဒေတွေအတိုင်း စီရင်နေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရက္ခိုင်ပြည်သူ့အစိုးရလို့လည်း သုံးနှုန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။