ဗကသ ခေါင်းဆောင်တချို့ကို ရဲအထူး သတင်းတပ်ဖွဲ့က ခေါ်ဆောင်သွား
2012.07.06

ခေါ်ဆောင်ခံရသူတွေထဲမှာ ဗကသများ အဖွဲ့ချုပ် ဖြစ်ထွန်းရေးကော်မတီ အထွေထွေ အတွင်းရေးမှူး မဖြိုးဖြိုးအောင်၊ ကိုဒီငြိမ်းလင်း၊ ကိုစည်သူမောင်နဲ့ ကိုရဲမြတ်ဟိန်းတို့ ပါဝင်တယ်လို့ သိရပါတယ်။
မဖြိုးဖြိုးအောင်ရဲ့ ဖခင် ဦးနေဝင်းက အာအက်ဖ်အေကို ပြောဆိုရာမှာ -
"တစ်ညလုံးလေ ကျွန်တော်တို့ လမ်းရဲ့ တောင့်ကနေ စောင့်ကြည့်နေပြီးတော့ ည ၁၀ နာရီမှာ ကား ၂ စီး ဆိုက်လာတယ်၊ အိမ်ရှေ့ကို၊ ခေါင်းဆောင်လုပ်တဲ့သူက ရဲမှူး ထွန်းလင်းပါတဲ့။ သူက မြောက်ပိုင်းခရိုင် SB ကပါတဲ့။ သတင်းတပ်ဖွဲ့ကပါတဲ့။ သူ့ကားထဲမှာ အမျိုးသမီး နှစ်ယောက် ပါလာတယ်။ အဲဒီ အမျိုးသမီး နှစ်ယောက်ကလည်း ရဲ အရာရှိပါတဲ့။ အဲတာ ဖြိုးဖြိုးအောင်ကို ခေါ်ပြီးတော့ တွေ့ပေးတဲ့ အခါကျတော့ ခေါ်သွားပါမယ် ဆိုတော့ သူ့အမေက ဒီမှာမေးလို့ မရဘူးလား ဆိုတော့ ဒီမှာ မေးလို့ မရဘူး၊ ၁ ရက် ၂ ရက်ပါပဲတဲ့။ အဲဒီလို ပြောသွားပါတယ်"
ကိုဒီငြိမ်းလင်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးနဲ့ အက်စ်ဘီ ခရိုင်မှူး၊ မြို့နယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက အိမ်ကနေ ခေါ်ဆောင်သွားတယ်လို့ ကိုဒီငြိမ်းလင်းရဲ့ဖခင် ဦးဇော်ဇော်မင်းက ပြောပါတယ်။
နှစ် ၅၀ ပြည့် ဆဲဗင်း ဇူလိုင်နေ့ အခမ်းအနားတွေ ကျင်းပဖို့ စီစဉ်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင် တချို့ကို အာဏာပိုင်တွေက ခေါ်ဆောင်သွားခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ရုံးခန်းလည်း ဝင်ရောက် ရှာဖွေခံခဲ့ရပြီးတဲ့နောက် ၈၈ မျိုးဆက် ကျောင်းသားခေါင်းးဆောင်တွေက သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ပြောကြားချက်တွေကို ကောက်နုတ်စုစည်းပြီး RFA အဖွဲ့သား ကိုဇော်မိုးကျော်က တင်ပြမှာ ဖြစ်ပါတယ်။
![]() |
ကောက်နုတ် စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |