ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ကျန်းမာရေး အာမခံ ကဒ်ပြား ရောင်းချ


2014.07.01
immigrant-day-maesot-305.jpg အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့ အထိမ်းအမှတ်အဖြစ် လမ်းလျှောက်ချီတက်ပွဲကို ထိုင်းနိုင်ငံ၊ မဲဆောင်မြို့မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ကလုပ်ခဲ့စဉ်
photo: RFA/ Moe Kyaw

ထိုင်းနိုင်ငံကို သွားရောက် အလုပ်လုပ်နေကြတဲ့ မြန်မာ၊ ကမ္ဘောဒီးယား နဲ့ လာအို ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် ကျန်းမာရေး အာမခံ ကဒ်ပြားတွေကို ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ရောင်းချနေပါတယ်။

စမုတ်စခွန် ခရိုင်မှာ ဈေးနှုန်းနှစ်မျိုး နဲ့ ရောင်းချနေရာမှာ  ကျန်းမာရေး အာမခံ သုံးလစာ ကဒ်ပြားကို ထိုင်း ဘတ်ငွေ (၅ဝဝ) ၊ ခြောက်လစာ ကဒ်ပြားကို ဘတ်ငွေ (၉ဝဝ) ဖြစ်ပါတယ်။

ဒီဈေးနှုန်းတွေဟာ သတ်မှတ်ထားတဲ့ သက်သာခွင့် ကာလအတွင်း ရောင်းချမယ့် နှုန်းတွေဖြစ်ပါတယ်။

တကယ်လို့ ဆေးစစ်ဖို့လိုအပ်တယ် ဆိုရင် တစ်ဦးကို ဘတ် ငါးရာ နဲ့ စစ်ဆေးနိုင်ကြောင်း သိရပါတယ်။

တကယ်လို့ ကျန်းမာရေး အာမခံ ကဒ်ပြား သက်တမ်းကုန် သွားရင် ၊ တစ်နှစ်မကျော်သေးတဲ့ ကျန်းမာရေး လက်မှတ် ကိုအသုံးပြုပြီး နောက်ထပ် ကဒ်အသစ် တစ်ခု ဝယ်ယူနိုင်ပါတယ်။

သတ်မှတ်ထားတဲ့ သက်သာခွင့် ကာလ ကုန်ဆုံးသွားပြီးတဲ့နောက်၊ ရွှေ့ပြောင်းအလုပ်သမားအသစ်တွေကိုတော့ကျမ်း မာရေးအာမခံ တစ်စုံလုံးအတွက် ဘတ်ငွေ နှစ်ထောင့်တစ်ရာ ကျသင့်မှာဖြစ်ပြီး တစ်နှစ်စာ ကျန်းမာရေး အာမခံ ကဒ်ပြား ရရှိမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။