အစိုးရနဲ့ ကျောင်းသားတပ်မတော် ငြိမ်းချမ်းရေး သဘောတူညီချက် ၁၂ ခု လက်မှတ်ရေးထိုး
2013.08.10

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးအဖွဲ့ကို မတရားအသင်းကနေ ပယ်ဖျက်ရေးအတွက် ဆွေးနွေးမှုတွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဒီနေ့ မြန်မာငြိမ်း ချမ်းရေးစင်တာမှာကျင်းပတဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကရရှိတဲ့ သဘောတူညီမှုအချက် ၁၂ ချက်မှာ ထည့်သွင်းလက်မှတ်ရေးထိုးခဲ့ကြပါတယ်။တယ်။
အစိုးရနဲ့ ABSDF တို့ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ခုလိုပြောပါတယ်။
“ဒီအစည်းအဝေးမှာ ကျနော်တို့ ဘယ်တော့ပြန်တွေ့မယ်တို့၊ ABSDF ရဲ့ နိုင်ငံရေး အကျဉ်းသားကိစ္စတို့၊ နောက်သူတို့လူထုနဲ့တွေ့ဖို့ တို့ပါပါတယ်”
ABSDF ရဲ့ ဆက်ဆံရေးရုံးကို ကရင်ပြည်နယ် မြဝတီမြို့မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး အဲဒီနောက် ကလေး၊ ဘုရားသုံးဆူ၊ မူဆယ်၊ လွိုင်ကော်မြို့တွေမှာလည်း ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊ နောက်ထပ်ဆွေးနွေးပွဲတွေကို လာမယ့်နိုဝင်ဘာလအတွင်း ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။
ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးအဖွဲ့နဲ့ အစိုးရတို့အကြား သဘောတူညီချက် ၁၂ ချက် လက်မှတ်ရေးထိုးခဲ့တာနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်သူရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။
ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးအဖွဲ့နဲ့ အစိုးရတို့အကြား ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးပွဲမှာ အသိသက်သေ အဖြစ်တက်ရောက်ခဲ့တဲ့ UNA ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ရဲ့ ကိုယ်စားလှယ် ဦးအေးသာအောင်ကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။