ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ အစိုးရကို တောင်းဆို

ပြည်တွင်းစစ် ရပ်စဲရေးအတွက် ဦးသိန်းစိန် အစိုးရအနေနဲ့ ငြိမ်းချမ်းရေး ခေါ်ဖို့ ပြည်တွင်းမှာ လှုပ်ရှားနေတဲ့ အဖွဲ့ ၉ ဖွဲ့ ပူးပေါင်းပြီး ဒီကနေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

2011.07.04
inside-groups-seals-305-z ပြည်တွင်းငြိမ်းချမ်းရေး ခေါ်ဆိုရန် တောင်းဆိုလိုက်သည့် ပြည်တွင်းအခြေစိုက် အဖွဲ့အစည်း ၉ ဖွဲ့၏ အမှတ်တံဆိပ်များ ဖြစ်ပါသည်။ (Image: RFA)
Image: RFA

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားများ၊ ရက္ခအလင်းတန်း အဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များသမဂ္ဂ၊ အခြေခံပညာ ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ရခိုင်ကျောင်းသားများ သမဂ္ဂနဲ့ ၂ဝဝ၇ မျိုးဆက် ကျောင်းသားများသမဂ္ဂ တို့ ပူးပေါင်းပြီး ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

မြန်မာနိုင်ငံက ပြည်တွင်းစစ်မီးဟာ တိုင်းရင်းသား အင်အားစုတွေနဲ့ စစ်အုပ်စုအကြား ဖြစ်ပွားနေတဲ့ ပြဿနာသက်သက် မဟုတ်ဘဲ မြန်မာနိုင်ငံ ဒီမိုကရေစီရေးတိုက်ပွဲ ပြဿနာ ဖြစ်တယ်လို့ မိမိတို့ ယုံကြည်ကြောင်း ကြေညာချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် လက်ရှိ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပွားနေတဲ့ အစိုးရရဲ့ ဗိုလ်ကျ စိုးမိုးရေး ပြည်တွင်းစစ်ပွဲတွေကို ချက်ခြင်း ရပ်တန်းက ရပ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး ခေါ်ယူဖို့ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပြည်တွင်းပြည်ပမှာ ရှိကြတဲ့ အဖွဲ့အစည်း အသီးသီး အနေနဲ့ ပူးပေါင်း ပါဝင်ကြဖို့လည်း ကြေညာချက်မှာ တိုက်တွန်း နိုးဆော်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။