မြန်မာ့လျှပ်စစ်စွမ်းအင်တိုးချဲ့ရေး အာရှဖွံ့ဖြိုးရေးဘဏ် ဒေါ်လာ ၃ သန်းနီးပါး ကူညီ


2013.09.26

ADB အာရှဖွံ့ဖြိုးရေးဘဏ်ဟာ မြန်မာနိုင်ငံက လျှပ်စစ်စွမ်းအင်လုပ်ငန်းတွေ တိုးချဲ့ဖို့ အမေရိကန် ဒေါ်လာ ၂ သန်း ၈ သိန်းကျော် ထောက်ပံ့ကူညီပေးသွားမယ်လို့ ADB က ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီထောက်ပံ့ငွေတွေကို  မြန်မာနိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ ရေရှည်စီမံကိန်းတွေချမှတ်ရေးနဲ့ လျပ်စစ်ဓါတ်အားလိုင်းတွေ အဆင့်မြှင့်တင် တိုးချဲ့တပ်ဆင်ရေးတွေမှာ အသုံးပြုသွားဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအတောအတွင်း ကမ္ဘာ့ဘဏ်ကလည်း မွန်ပြည်နယ်မှာ ဓါတ်အားပေးစက်ရုံတည်ဆောက်ဖို့ ဒေါ်လာသန်း ၁၄၀ အတိုးမဲ့ထုတ်ချေးမယ်လို့ ကြေညာထားပါတယ်။

မြန်မာနိုင်ငံဟာ လတ်တလော နိုင်ငံခြားကို စွမ်းအင်အများဆုံးတင်ပို့ရောင်းချနေတဲ့ အရှေ့တောင်အာရှ ၅ နိုင်ငံထဲမှာပါဝင်ပေမယ့် လျှပ်စစ်စွမ်းအင်လုပ်ငန်းတိုးတက်မှုနဲ့ ဓါတ်အားလိုင်းတွေမှာ ရင်းနှီးမြှုပ်နှံမှု နည်းပါးတဲ့အတွက် အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ လျှပ်စစ်မီးရရှိမှု အနည်းဆုံးနိုင်ငံဖြစ်နေဆဲပဲလို့ ADB က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။