မန္တလေးမြို့ရေပေးရေးအတွက် ADB ချေးငွေ ဒေါ်လာသန်း ၆ဝ ရမည်


2015.11.14

ADB အာရှဖွံ့ဖြိုးရေးဘဏ်က ပေးတဲ့ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၆ဝ နဲ့ မြန်မာနိုင်ငံ မန္တလေးမြို့ မှာ သောက်သုံးရေ စီမံခန့်ခွဲရေးတိုးတက်ကောင်းမွန် ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အေဒီဘီ ချေးငွေဟာ မြို့ပြပတ်ဝန်းကျင်နဲ့ ပြည်သူ့ကျန်းမာရေး တိုးတက်ရေးတို့အပြင် မြန်မာနိုင်ငံမြောက်ပိုင်းအတွက် ယဉ်ကျေးမှု၊ ပညာရေးနဲ့ စီးပွားရေး အချက်အချာကျတဲ့ သမိုင်းဝင်မန္တလေးမြို့တိုးတက်ဖွံ့ဖြိုးရေးအတွက် ဖြစ်ပါတယ်။

ခေတ်မီရေပေးဝေရေးစနစ်နဲ့ စွန့်ပစ်ရေ စီမံခန့်ခွဲရေးအတွက်လည်း ချေးငွေကို အသုံးပြုမယ်လို့ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင် က ပြောပါတယ်။

လောလောဆယ်မှာ မန္တလေးမြို့လူထုရဲ့ ၅၅ % ကပဲ ရေပိုင်နဲ့ ပေးဝေတဲ့ ရေရတဲ့ အကြောင်း၊ ပိုးသတ်ကန်သုံးတဲ့ သန့်ရှင်းရေးစနစ်ကလည်း လမ်းဘေးရေမြောင်းတွေ၊ ရေအိမ်တွေနဲ့ ဆက်နေတဲ့အကြောင်းနဲ့ ရေမြောင်းတွေထဲ အမှိုက်တွေပစ်နေတဲ့ အကြောင်းလည်း တာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။