ဘူးသီးတောင်မှာ ညမထွက်ရအမိန့် ၁ နာရီ ထပ်တိုး


2018.12.08
butheetaung-622.jpg ဘူးသီးတောင်မြို့အဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို ၁ နာရီ ထပ်တိုးထုတ်လိုက်ပါတယ်။

ယခင်က ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ထားရာကနေ ဒီဇင်ဘာလ ၇ ရက်နေ့ကစပြီး ည ၁၀ နာရီကနေ မနက် ၅ နာရီအထိ ညမထွက်ရ အမိန့်အဖြစ် ၁ နာရီ ထပ်တိုးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အစိုးရတပ်နဲ့ AA တို့ဟာ မြန်မာ- ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ နယ်စပ်တစ်လျှောက်က ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေထဲမှာ ဒီတစ်ပတ်အတွင်း နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေသလို ဒီဇင်ဘာလ ၆ ရက်နေ့ညကလည်း ဘူးသီးတောင်မြို့နယ်အတွင်း ဘူးသီးတောင် ရသေ့တောင် ကားလမ်းပေါ်မှာ မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲပြီး လူ ၂ ဦး သေဆုံးခဲ့ရပါတယ်။

အဲဒါကြောင့် မနေ့ညက စပြီး ညမထွက်ရအမိန့်ကို ၁ နာရီ ထပ်တိုး ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။