မြန်မာ့တရားဥပဒေ စံနှစ်မျိုးပုံစံဖြစ်တယ်လို့ AI အဖွဲ့ဝေဖန်


2019.05.29
inndin-corpse-reuters-622.jpg အင်းဒင်ကျေးရွာတွင် စောင့်ကြပ်နေကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်ပြန်ကြိုးတုပ်ထားသည့် ရိုဟင်ဂျာမွတ်စလင် ၁ဝ ဦးကို ၂ဝ၁၇ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်
photo: Reuters

မြန်မာအာဏာပိုင်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာမှာ လူသတ်မှုများ ကျူးလွန်ခဲ့တဲ့စစ်သားတွေက ပြစ်ဒဏ်ရက်မစေ့ခင် ပြန်လွှတ်ပေးလိုက်ခြင်းဟာ မြန်မာ့တရားဥပဒေမဏ္ဍိုင် ယိမ်းယိုင်နေတာကို ပြနေတာဖြစ်ပြီး စံနှစ်မျိုးပုံစံဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က RFA ကိုပြောပါတယ်။

အင်းဒင်ရွာလူသတ်မှုနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၁၀ နှစ် အသီးသီးအပြစ်ပေးထားတဲ့ တပ်မတော်သား ခုနှစ်ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ပြန်လွှတ်ပေးလိုက်ပြီဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပြီး အကျဉ်းဦးစီးဌာနကလည်း အတည်ပြုပါတယ်။

ဒါပေမဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးဌာနကတော့ အတည်ပြုချက်မပေးပါဘူး၊ AI အဖွဲ့က အာရှပစ္စဖိတ်ဒေသ ဥပဒေရေးရာတာဝန်ခံ Francisico Bencosme က ရရှိတဲ့သတင်းအရ ဒီလူသတ်မှုနဲ့ ပတ်သက်ပြီး သတင်းရေးလို့ ဖမ်းဆီးအပြစ်ဒဏ်အပေးခံရတဲ့ သတင်းထောက်တွေ၊ ထောင်က မလွှတ်ခင် လူသတ်မှုကျူးလွန်သူများ အပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ရှိသွားတာဖြစ်တယ်လို့ ပြောပါတယ်။

ဒီဆောင်ရွက်ချက်ဟာ တပ်မတော်သားတွေကို အခွင့်အရေးပိုပေးတဲ့ စံနှစ်မျိုးပုံစံဖြစ်တယ်လို့ AI အဖွဲ့က ဝေဖန်ပြောကြားလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။