စစ်အစိုးရခေါင်းဆောင် နောက်ထပ်ရှစ်ဦးနဲ့ ဆက်စပ်လုပ်ငန်း သုံးခုကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့

2021.02.11
စစ်အစိုးရခေါင်းဆောင် နောက်ထပ်ရှစ်ဦးနဲ့ ဆက်စပ်လုပ်ငန်း သုံးခုကို အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ ၂၀၁၈ ဖေဖော်ဝါရီလ ၃ ရက်နေ့က ဧရာဝတီတိုင်းတွင် ပြုလုပ်သည့် "ဆင်ဖြူရှင်" စစ်ရေးလေ့ကျင့်မှုအတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (လယ်) နှင့် စစ်တပ်အရာရှိများကို တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းရာမှာ ဦးဆောင်သူဖြစ်တဲ့ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း အပြင် နောက်ထပ် စစ်တပ်ခေါင်းဆောင် ရှစ်ဦးကို အမေရိကန်အစိုးရက ဒီနေ့ ပိတ်ဆို့ အရေးယူ ဒဏ်ခတ်လိုက်ပါတယ်။

ယာယီသမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ၊ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး တို့ကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ဖြည့်စွက်လိုက်တာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်လေးဦးကိုတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ကတည်းက ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာ ထည့်ထားတာ ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းခေါင်းဆောင်တွေနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးလုပ်ငန်း သုံးခုကိုလည်း စီးပွားရေးအရ ဒဏ်ခတ်အရေးယူလိုက်ကြောင်း အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဌာနက ၂၀၂၁ ဖေဖော်ဝါရီလ ၁၁ ရက် ကြာသပတေးနေ့ နေ့လယ်ခင်းမှာ ထုတ်ပြန်လိုက်တဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ဖော်ပြထားပါတယ်။

အဲဒီ စီးပွားရေးလုပ်ငန်းတွေကတော့ စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်လက်အောက်ခံ ကျောက်မျက်ရတနာကုမ္ပဏီတွေ ဖြစ်တဲ့ ဖုသျှကြယ် ကုမ္ပဏီ၊ မြန်မာအင်ပီးရီးရယ်ဂျိတ် ကုမ္ပဏီ၊ မြန်မာ ရူဘီ အင်တာပရိုက်(စ်) ကုမ္ပဏီ… တို့ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။