အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ဖို့ ကန်တိုက်တွန်း

မြန်မာနိုင်ငံအရေး ဆွေးနွေးအဖြေရှာနိုင်ဖို့အတွက် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို အမြန်ဆုံး သွားရောက်ဖို့ အမေရိကန်ပြည်ထောင်စု၊ ကုန်သွယ်ရေးကိုယ်စားလှယ် Katherine Tai က တိုက်တွန်းလိုက် ပါတယ်။
တနင်္လာနေ့က ကျင်းပတဲ့ အာဆီယံ စီးပွားရေးဆိုင်ရာဝန်ကြီးများ Online တွေ့ဆုံဆွေးနွေးပွဲမှာ ခုလို တိုက်တွန်းလိုက်တာဖြစ်တယ်လို့ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက ဘရူနိုင်းနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး (၂) Erywan Yusof ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အဖြစ် အာဆီယံက ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် စစ်တပ်နဲ့ အတိုက်အခံတွေအကြား တွေ့ဆုံဆွေးနွေးနိုင်အောင် ဆောင်ရွက်ပေးဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့အပေါ်မှာ အထူးစိုးရိမ်ကြောင်းနဲ့ မြန်မာနိုင်ငံအရေး ကြားဝင် ဆောင်ရွက်မယ့် အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို အမြန်ဆုံးသွားရောက်ပြီး တွေ့ဆုံ ဆွေးနွေးရေးကို စတင်ဖို့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Katherine Tai က တိုက်တွန်း ထားပါတယ်။