အံဒင် ဒေသခံ ၁၃ ယောက် တရား စွဲခံရ


2017.06.07
anndin-620.jpg အံဒင်ကျေးရွာမှာ တည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း ဖျက်သိမ်းပေးဖို့ ၂ဝ၁၆ ခုနှစ် မေလ ၅ ရက်နေ့ က ဒေသခံတွေ ကန့်ကွက်ဆန္ဒပြစဉ်
Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ် ရေးမြို့နယ်မှာ အံဒင်ကျောက်မီးသွေးစက်ရုံ တည်ဆောက်ဖို့အတွက် မြေနေရာတွေ လိုက်လံဝယ်ယူ သူတွေကို ကန့်ကွက်လို့ လွန်ခဲ့တဲ့နှစ်နှစ်လောက်က အမှုဖွင့်ခံထားရတဲ့ ဒေသခံ ၂၉ ယောက်ထဲက ၁၃ ယောက်ကို ပုဒ်မ ၃ခုနဲ့ ရေးမြို့နယ် မြို့မရဲစခန်းက ဒီနေ့ တရားစွဲဆိုလိုက်ပါတယ်။

ကျောက်မီးသွေးစက်ရုံ တည်ဆောက်မှာကို ဒေသခံတွေအားလုံးက ကန့်ကွက်တာဖြစ်တဲ့အတွက် တရားစွဲခံရသူ ၁၃ ဦးအတွက် စုပေါင်းပြီး တရားရင်ဆိုင်သွားမယ်လို့ ရေးမြို့နယ် အံဒင်ကျေးရွာက မနီမာဦးက ပြောပါတယ်။

"စွဲထားတဲ့လူ ၁၃ ယောက်ကလည်း ဘာအပြစ်မှမရှိဘူး၊ အဲ့နေ့က ပြည်သူလူထု ၃ဝဝ ကျော်ကလည်း အဲ့နေ ရာမှာပဲရှိနေတယ်၊ ဒေသခံတွေစုပေါင်းပြီး ဒီကိစ္စကို ရင်ဆိုင်သွားဖို့ရှိတယ်"

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် မေလ ၁၅ ရက်နေ့က နှစ်ကရုပ်ကျေးရွာမှာ မြေဝယ်ယူဖို့ ရောက်ရှိလာသူတွေ တည်းခို တဲ့နေ အိမ်ရှေ့မှာ အံဒင်ကျေးရွာနဲ့ နှစ်ကရုပ်ကျေးရွာက ဒေသခံ ၃၀၀ ကျော်က သွားရောက်ကန့်ကွက်ခဲ့တာဖြစ်ပါ တယ်။

ကန့်ကွက်ရာမှာ ပါဝင်ခဲ့တဲ့ နှစ်ကရုပ် နဲ့ အံဒင်ကျေးရွာသား ၂၉ယောက်ကို မြေဝယ်သူတွေ တည်းခိုခဲ့တဲ့ နေအိမ် ပိုင်ရှင်က အကျိုးပျက်စီးစေမှု၊ ပိုင်နက်ကျူးလွန်မှု၊ သာမန်လက်ရောက်မှု၊ ခြိမ်းခြောက်မှုတို့နဲ့ ရေးမြိုမရဲစခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

အဲဒီထဲက ၁၃ ယောက်ကို ပုဒ်မ ၃ခု နဲ့ တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။ ဒီကိစ္စကို ရေးမြို့နယ် မြို့မရဲစခန်းက ဆင့်ခေါ်တာ ၄ ကြိမ်မြောက်ဖြစ်ပြီး နောက်တပတ်မှာ တရားစွဲခံရသူ ၁၃ယောက်ကို ပထမဆုံးရုံးတင်မှာဖြစ်ပါ တယ်။

ကျောက်မီးသွေးစက်ရုံကို အံဒင်ကျေးရွာအနီးက မြေဧက ၅၀၀ မှာ တိုယိုထိုင်းကုမ္ပဏီက ဆောက်လုပ်ဖို့ စီစဉ်ခဲ့ တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။