စစ်ရေးပဋိပက္ခဒေသ လေ့လာတေ့ွရှိချက် ANP ထုတ်ပြန်မည်
2019.05.30

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်မြောက်ပိုင်းက မြို့နယ်တွေရဲ့ အခြေအနေကို ANP ပါတီက ဒီနေ့ လေ့လာတေ့ွရှိချက်အစီရင်ခံစာ ထုတ်ပြန်မယ်လို့ ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးခိုင်ပြည်စိုး က ပြောပါတယ်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလလောက်ကတည်းက ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေမှာ တပ်မတော်နဲ့ AA အဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အဲဒီမြို့နယ်တွေကို ANP ပါတီက ကွင်းဆင်းလေ့လာထားတာဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတ ီ(ANP) ရဲ့ ဒုတိယအကြိမ်ညီလာခံကို စစ်တွေမြို့မှာ ဒီနေ့ စတင်ကျင်းပတာဖြစ်ပြီး ဒီနေ့မှာ အဲဒီအစီရင်ခံစာကို ထုတ်ပြန်မှာဖြစ်ပါတယ်။
ဒီညီလာခံကို မနက်ဖြန်အထိ နှစ်ရက်ကြာကျင်းပမှာဖြစ်ပြီး ပါတီရဲ့မူဝါဒပိုင်းဆိုင်ရာပြောင်းလဲရေးနဲ့ ပါတီဖဲ့ွစည်းပုံကို အဓိကဆွေးနွေးကြမယ်လို့ ညီလာခံရဲ့ ပြန်ကြားရေးကော်မတီဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။