ရေးွကောက်ပွဲ သပိတ်မှောက်ရေး NLD ဆက်လက်လှုပ်ရှား

ဒီကနေ့ NLD ပါတီရဲ့ ပဲခူးတိုင်း အနောက်ခြမ်းဒေသ ခရီးစဉ်မှာ ရွေးကောက်ပွဲ သပိတ်မှောက်ရေး ကိစ္စအပါအဝင် ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

2010.10.08
NLD ဗဟိုအလုပ်အမူဆောင် အဖွဲ့ဝင် ဦးညွန့်ေ၀ ဦးဆောင်တဲ့ ပဲခူးတိုင်း အနောက်ခြမ်း ဒေသ ဒုတိယ အကြိမ်မြောက် ခရီးစဉ်မှာ ပါတီ ဗဟိုကော်မတီဝင်တွေ ဖြစ်တဲ့ ဦးဟံသာမြင့်၊ ပဲခူးတိုင်းက ဦးစိုးဝင်း၊ လူငယ်တွေဖြစ်တဲ့ ကိုအောင်စိုး၊ မဖြူဖြူသင်းနဲ့ ပဲခူးတိုင်း လူငယ်ခေါင်းဆောင် ကိုကျော်ဝင်းတို့ ပါဝင်ပါတယ်။

မနေ့က ပြည်မြို့မှာ မြို့နယ်အတွင်းရှိ စည်းရုံးရေး အဖွဲ့ဝင်တွေ ပါတီဝင်တွေနဲ့ စိတ်ပါဝင်စားသူ ၈၀ လောက်နဲ့တွေ့ဆုံခဲ့တယ်လို့ အဖွဲ့ဝင် ဦးဟံသာမြင့်က ပြောပါတယ်။

"ရွေးကောက်ပွဲမှာ မဲမပေးကြဖို့နဲ့ အဖွဲ့ ဝင်တွေရဲ့ တာဝန်၊ ဒါတွေကို ရှင်းပြကြတာပါ။ သူတို့တွေကလည်း သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြကြပါတယ်။ အဖွဲ့ဝင်မဟုတ်တဲ့ စိတ်ဝင်စားသူတွေလည်း တက်ရောက် မေးမြန်းကြပါတယ်။ ဒီနေ့မနက်နတ်တလင်းမှာတော့ သာယာဝတီ ခရိုင်အတွင်းမှာရှိတဲ့ ကျနော်တို့ အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးပါတယ်။ အခုလည်း ဆွေးနွေးနေဆဲပါဘဲ။"

အဖွဲ့ဟာ နတ္တလင်းမြို့က တဆင့် ဒီကနေ့ ညပိုင်းမှာ ရန်ကုန်ကို ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။ လာမဲ့ အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ ပဲခူးတိုင်း အရှေ့ခြမ်း စည်းရုံးရေး ခရီးစဉ်သွားဖို့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

လတ်တလော အနေနဲ့ NLD ပါတီ ဗဟိုကော်မတီဝင် ဦးအုန်းကြိုင်နဲ့ ဦးကြည်ဝင်း (လပွတ္တာ) တို့ ဦးဆောင်တဲ့ ရှမ်းပြည်နဲ့ ကယားပြည်နယ် အတွင်း စည်းရုံးရေး ခရီးစဉ် ရှိနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2010-10-11 12:34

i enterest