တန့်ဆည်မြို့ လိပ်ခြံရွာထဲ စစ်တပ်က ဝင်တပ်စွဲခဲ့၊ အဖိုးတန်ပစ္စည်းတွေ ပျောက်ဆုံး

2021.12.22
တန့်ဆည်မြို့ လိပ်ခြံရွာထဲ စစ်တပ်က ဝင်တပ်စွဲခဲ့၊ အဖိုးတန်ပစ္စည်းတွေ ပျောက်ဆုံး တန့်ဆည်မြို့ လိပ်ခြံရွာထဲက စစ်တပ်ဝင်ရောက်တပ်စွဲခဲ့တဲ့ ဈေးဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် လိပ်ခြံရွာကို စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၂၁ ရက် မနေ့ ညနေပိုင်း က ဝင်ရောက်စီးနင်းတပ်စွဲခဲ့ပြီးနောက် ဈေးဆိုင်တွေကနေ ရွှေထည်နဲ့ ငွေသားတွေ ပျောက်ဆုံးကုန်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာလ ၂၁ ရက် ညနေပိုင်းက ရဟတ်ယာဉ် သုံးစီးနဲ့ စစ်ကောင်စီတပ်သားတွေ ရွာထဲရောက်လာခဲ့ပြီး ရွာအနီးတဝိုက် တောတွေထဲကို ရဟတ်ယာဉ်ပေါ်ကနေ ခြောက်လှန့်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာထဲလာတဲ့အချိန်တော့ ဘာမှတော့မလုပ်ဘူး ဒါပေမဲ့ ကြောက်တော့ထွက်ပြေးကြတာ။ ဒီနေ့ ညနေ သူတို့ ရွာကပြန်ထွက်သွားတော့။ ရွာဈေးဆိုင်က ငွေသားသိန်းသုံးဆယ်၊ စားသောက်ကုန်တွေနဲ့ ရွှေထည်တွေ ယူသွားကြတာ”

ဒီဇင်ဘာ ၂၁ ရက်ညနေက စစ်သားတွေ ရွာထဲဝင်လာတဲ့အတွက် ရွာသားတချို့ထွက်ပြေးခဲ့ပြီး ဒီနေ့ မနက် စစ်သားတွေ ပြန်ထွက်သွားချိန် ကိုယ့်အိမ်ထဲ ပြန်စစ်ကြည့်တဲ့အခါ ငွေသားတွေ၊ ရွှေထည်တွေ၊ စားသောက် ကုန်တွေ မရှိတော့ဘူးလို့ ပြောကြပါတယ်။

တန့်ဆည်မြို့နယ်နဲ့ တဆက်တည်းဖြစ်တဲ့ ရေဦးမြို့နယ် ရေမြက်ရွာကိုလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်က စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာ၊ ရွာကိုဝင်ရောက်စီးနင်း တပ်စခန်းချခဲ့လို့ ရွာသားတွေ ထွက်ပြေးနေရပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။