မြန်မာလူမျိုး ၂၀၀ နီးပါး မဲဆောက်မြို့မှာ အဖမ်းခံရ


2014.06.03
illegal-workers-maesot-305.jpg မဲဆောက်မြို့ ဘန့်ဆောင်ခွဲရပ်ကွက်မှာ ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးခံရတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို တွေ့ရစဉ်
Photo: Mahn Myo Myint

ထိုင်းစစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် သီတင်းနှစ်ပတ်နီးပါးအကြာမှာပဲ ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်နေသူတွေကို ဖမ်းဆီးတဲ့စစ်ဆင်ရေး တစ်ရပ်ကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့မနက် လင်းအားကြီးအချိန်က မဲဆောက်မြို့ပြင် မှာရှိတဲ့ ဘန့်ဆောင်ခွဲရပ်ကွက်ကို ထိုင်းစစ်တပ်၊ ထိုင်းရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေအပြင်၊  ထိုင်းနယ်ခြားစောင့်တပ်နဲ့ မဲဆောက်အုပ်ချုပ်ရေးအဖွဲ့ ပူးတွဲပြီး ဝင်ရောက်စစ်ဆေးခဲ့တာပါ။ ဘန့်ဆောင်ခွဲ ရပ်ကွက်အတွင်း အထောက်အထား စာရွက်စာတမ်း မရှိဘဲ တရားမဝင်နေထိုင်နေတဲ့ မြန်မာလူမျိုး ကလေးလူကြီး ၂ဝဝ နီးပါးကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးထားသူတွေကို မြန်မာနိုင်ငံ မြဝတီမြို့ဘက်ခြမ်း ကို ပြန်လည်ပို့ဆောင်သွားမှာဖြစ်ပြီး တရားမဝင်နေ ထိုင်သူတွေကို လက်ခံထားတဲ့ ထိုင်းအိမ်ပိုင်ရှင်တွေ ၊ နေထိုင်ခွင့်ပြုထားတဲ့ မြေပိုင်ရှင်တွေကိုလည်း ဥပဒေကြောင်းအရ အရေးယူသွားမယ်လို့ ထိုင်းအာဏာပိုင်တွေ က ပြောပါတယ်။

အလားတူ စစ်ဆင်ရေးကို မဲဆောက်မြို့က တခြားရပ်ကွက်တွေမှာလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းအရ မဲဆောက်မြို့နယ်အတွင်း မြန်မာနိုင်ငံ သား ၂ သိန်းနီးပါး နေထိုင်နေပြီး အများစုဟာ တရားမဝင် နေထိုင်သူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။