မရမ်းကုန်းမြို့နယ် Brave Bar မှာ လူ ၂၀၀ ကျော် အဖမ်းခံရ

2021.10.08
မရမ်းကုန်းမြို့နယ် Brave Bar မှာ လူ ၂၀၀ ကျော် အဖမ်းခံရ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကန်ရိပ်သာလမ်းက Brave Bar ကို မြင်တွေ့ရစဉ်
Photo: Brave Bar

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ကန်ရိပ်သာလမ်းမှာရှိတဲ့ Brave Bar ကို အောက်တိုဘာလ ၇ ရက် မနေ့ည ၁၂ နာရီဝန်းကျင်ခန့်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် အယောက် ၂၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။

လက်ရှိ ရန်ကုန်မြို့မှာ စစ်တပ်က ညမထွက်ရအမိန့် ထုတ်ပြန်ထားတာဖြစ်ပြီး ည ၁၀ နာရီအထိသာ သွားလာခွင့် ပြုထားတာပါ။

အဲဒီဘားမှာရှိနေတဲ့ အမျိုးသား၊ အမျိုးသမီး ၂၅၀ ဝန်းကျင်ကို လက်ရှိ မရမ်းကုန်းမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားပြီး အချို့ကိုတော့ ပိုက်ဆံတောင်းပြီး ပြန်လွှတ်တာတွေရှိတယ်လို့ သတင်းမီဒီယာအချို့မှာ ဖော်ပြထားပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရန်ကုန်မြို့က Brave Bar အပါအဝင် Night Club၊ KTV အစရှိတာတွေဟာ လက်ရှိ မသိမသာ ဖွင့်နေကြတာကြောင့် ပိတ်ထားဖို့နဲ့ မလိုက်နာရင် အသက် အာမမခံဘူးဆိုပြီး စက်တင်ဘာလ ၉ ရက်နေ့ ရက်စွဲနဲ့ ဗဟန်းပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်ခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။