စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မယ်လို့ အင်းစိန်ထောင်ထဲ အဖမ်းခံထားရသူတွေက ထုတ်ပြန်

2021.07.06
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မယ်လို့ အင်းစိန်ထောင်ထဲ အဖမ်းခံထားရသူတွေက ထုတ်ပြန် ရန်ကုန် အင်းစိန်ထောင််ရှေ့မှာ လွတ်မြောက်လာမယ့် အကျဉ်းသားတွေကို မိသားစုဝင်‌များက ၂၀၂၁ ဇွန်လ ၃၀ရက်‌နေ့က လာရောက်စောင့်ဆိုင်းနေကြစဉ်
Photo: RFA

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တိုက်ဖျက်သွားမယ်လို့ နွေဦးတော်လှန်ရေးမှာ ဆန္ဒပြရင်း အင်းစိန်ထောင် ထဲမှာ ဖမ်းဆီးခံထားရသူတွေက သဘောထားထုတ်ပြန်လိုက်ပါတယ်။

၁၉၆၂ ခုနစ် ဇူလိုင်လ ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို စစ်တပ်က ရက်ရက်စက်စက် ဖြိုခွင်းခဲ့ပြီးတဲ့ နောက်ပိုင်းကစလို့ ပြည်သူလူထုဟာ စစ်အာဏာရှင်စနစ်ကို ခေတ် အဆက်ဆက် တွန်းလှန်လာခဲ့ရာ အခုနွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ကို အမြစ်ဖြတ်မယ့် နောက်ဆုံး တိုက်ပွဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုဝင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တည်ထောင်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUGဟာ တိုင်းရင်းသားတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ တန်းတူညီမျှရေး စတဲ့ အခွင့်အရေးတွေအတွက် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေးမှာ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ကတိစာချုပ်တစ်ရပ်ကို အခိုင်အမာချုပ်ဆိုကာ ညီညီညွတ်ညွတ် တိုက်ပွဲဝင်နိုင်မယ်လို့ ယုံကြည်ထားတယ်လို့လည်း ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။