အကြမ်းဖက်သမားတွေကို ကူညီရင် ဥပဒေအရ အရေးယူမည်


2017.08.27
arsa-622.jpg Arakan Rohingya Salvation Army (ARSA) အဖွဲ့မှ အစွန်းရောက် အကြမ်းဖက်သမားတွေကို တွေ့ရစဉ်
Photo: Arakan Rohingya Salvation Army/ Facebook

အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ ARSA အကြမ်းဖက်အုပ်စုကို ထောက်ခံတာ၊ အားပေးကူညီရာ ရောက်စေ တဲ့ အပြုအမူတွေ လုပ်ဆောင်တာ၊ ထောက်ပံ့ တာ၊ မီဒီယာတွေကနေ ထောက်ခံရေးသားတာတွေ တွေ့ရှိရင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူသွားမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်း ထုတ်ပြန်ရေးကော်မတီက ဒီနေ့ ကြေညာချက်ထုတ်လိုက်ပါတယ်။

အကြမ်းဖက်အားပေးတဲ့ လုပ်ဆောင်ချက်တွေကို ပြည်ပကနေ လုပ်ဆောင်တာ တွေ့ရှိရင်လည်း နိုင်ငံတကာ ရဲတပ်ဖွဲ့ထံ အသိပေး ဆောင်ရွက်သွား မှာဖြစ်ကြောင်း ပါရှိပါတယ်။

မနေ့က တောင်ဘဇာကျေးရွာမှာ အစွန်းရောက်အကြမ်းဖက်သမားတွေက ပိတ်ဆို့ဝိုင်းထားစဉ် တချို့ INGO နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ ဝန်ထမ်းတွေ ပါဝင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီးတော့လည်း စုံစမ်းစစ်ဆေးနေကြောင်း ဖော်ပြထားပါတယ်။

မောင်တောဒေသမှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့ ARSA အဖွဲ့ကိုလည်း အစိုးရက အကြမ်းဖက်အုပ်စု အဖြစ် ကြေညာထားပြီး ဖြစ်ပါတယ်။

အစွန်းရောက် အကြမ်းဖက်သမားတွေ၊ ARSA အကြမ်းဖက်အုပ်စုနဲ့ ပတ်သက်ဆက်နွယ်တဲ့ ပြည်ပနိုင်ငံတွေ က ငွေကြေးထောက်ပံ့မှုတွေ၊ ဆက်သွယ်ဆောင် ရွက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ အားပေးကူညီမှုတွေကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ကတစ်ဆင့် နိုင်ငံတကာ အစိုးရတွေထံ အသိပေးအကြောင်းကြား ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။