ဖြူးမြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံး

RFA Burmese
2023.11.03
ဖြူးမြို့နယ်မှာ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံး ပဲခူးတိုင်း၊ ဖြူးမြို့နယ် ပျဉ်းမပင်ရွာအနီးသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျရောက်ခဲ့သည့် လက်နက်ကြီးကျည်ကို တွေ့ရစဉ်။
Citizen Journalist

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ပျဉ်းမပင်ရွာအနီးမှာ နိုဝင်ဘာလ ၃ ရက် ဒီနေ့မနက်ပိုင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၄၅ နှစ်အရွယ် ပျဉ်းမပင်ရွာသား အမျိုးသားတစ်ဦးဖြစ်ပြီး စပါးရိတ်ဖို့ ဆိုင်ကယ်နဲ့ အသွား ပျဉ်းမပင်ရွာအနီးလမ်းမှာ လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဟုတ်ပါတယ် ဒီမနက် ဖြစ်တာပါ။ ခါးကိုဖြတ်မှန်ပြီး ပွဲချင်းပြီး သေဆုံးသွားပါတယ်”

စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးဖြစ်ပြီး တိုက်ပွဲမရှိဘဲ ရပ်ရွာတွေထဲကို မကြာခဏဆိုသလို ပစ်ခတ်လေ့ရှိတယ်လို့လည်း ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောရေးဆိုခွင့်ရှိသူ တိုင်းစီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

RFA ရဲ့ စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာအထိ နိုင်ငံတစ်ဝန်းမှာ အရပ်သား ၈၁၆ ဦးသေဆုံးခဲ့ပြီး၊ ၁၆၂၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။