မြန်မာကို ၂၀၁၄ ဥက္ကဋ္ဌ နေရာပေးရေး အာဆီယံ ထောက်ခံဖို့များနေ

အာဆီယံ ထိပ်သီးညီလာခံကို ၂၀၁၄ ခု ကျရင် မြန်မာနိုင်ငံမှာ အလှည့်ကျ ကျင်းပဖို့ အာဆီယံ ခေါင်းဆောင် အများစုက ထောက်ခံမဲ့ သဘော ရှိတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဒီကနေ့ ပြောဆိုလိုက် ပါတယ်။

2011.11.08
natalegawa-rangoon-305 အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတလီဂါဝါ (Marty Natalegawa) ၏ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က စတင်ခဲ့သည့် သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။ ဓါတ်ပုံ - RFA
RFA

ဒီနှစ် မေလမှာကျင်းပတဲ့ အာဆီယံ ထိပ်သီးညီလာခံနဲ့ ဇူလိုင်လမှာကျင်းပတဲ့ နိုင်ငံခြားရေး ဝန်ကြီးဆွေးနွေးပွဲတွေမှာ မြန်မာကို အာဆီယံ ဥက္ကဋ္ဌနေရာပေးရေးကိစ္စ အပြုသဘော တုံ့ပြန်ချက်တွေကို ရခဲ့တယ်လို့ မာတီ နာတာလီဂါဝါက ပြောပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဆက်လက်ဖြစ်ပေါ်လာဖို့ အင်ဒိုနီးရှား အနေနဲ့ ထောက်ခံ အားပေးသွားမယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးရဲ့ပြောခွင့်ရပုဂ္ဂိုလ် Michael Tene က အာရ်အက်ဖ်အေကို ပြောပါတယ်။

ပြုပြင်ပြောင်းလဲမှုတွေကို မြန်မာအစိုးရက ဆောင်ရွက်နေတယ်ဆိုတာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အသိအမှတ်ပြုပါတယ်။ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ အဖြစ်နဲ့လည်း ကြိုဆိုပါတယ်။ ဒီလိုပြောင်းလဲမှုတွေ ဆက်လက် ဆောင်ရွက်သွားဖို့ အင်ဒိုနီးရှား အစိုးရအနေနဲ့ အားပေးထောက်ခံပါတယ်လို့ Michael Tene ပြောသွားပါတယ်။

၂၀၁၄ မှာ မြန်မာကို အာဆီယံ ဥက္ကဋ္ဌနေရာပေးရေး ကိစ္စနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို နောက်တစ်ကြိမ် ထပ်ပြီးသွားမသွား ဆိုတာကိုတော့ အခုချိန်မှာ အတိအကျ မဖြေနိုင်သေးဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါက သတင်းထောက်တွေကိုပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မြန်မာနိုင်ငံကို သွားခဲ့တဲ့ ခရီးစဉ်အတွင်းမှာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟာ လွှတ်တော် ဥက္ကဋ္ဌအပါအဝင် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့တို့၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဝေဖန်သုံးသပ်ချက် အပြည့်အစုံကို နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-10 15:15

အင်း .... အင်ဒိုနီးရှား ၀န်ကြီးတော့
ဆေးမိသွာတာနှင့်တူပါတယ်... မြန်မာနိုင်ငံက
ဦးသိန်းစိန် အစိုးရ အစဉ်အလာ သင်လာတဲ့
ပညာနှင့် လက်စွမ်းပြတာ ဖြစ်ပါလိမ့်မယ်....
အင်ဒိုနီးရှား ၀န်ကြီးကို စိတ်ခိုင်ခိုင်ထားပါလို့ 
ပြောလိုက်ပါရစေ.......။

Anonymous
2011-11-08 00:56

Pretell something is an obstacle for those who are fighting for human right. You ought to urge them to stop battles, release every single political prisioners, to be ending of being used women as mine shield as well as carriers, to stop assaulting women sexually around the country, to stop cirme against humanity. Muchmore, they must welcome all the scholars, experts, and highly educated persons from exiled Myanmr citizens as earlier as possible to cooporate so as to empover the educational system and make the country better off or rather to follow the living standard just in South East Asia countries first.