မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အာဆီယံ အတွင်းရေးမှူးချုပ် ဂုဏ်ယူ
2012.11.26

ဆူရင် ပစ်ဆူဝမ် ရဲ့ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်သက်တမ်းဟာ လာမယ့် ဒီဇင်ဘာလမှာ (၅) နှစ် ပြည့်မှာဖြစ်ပြီး၊ ဗီယက်နမ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး လီလျောင်မင်း (Le Luong Minh) က သူ့နေရာ ကို လွှဲပြောင်း ထမ်းဆောင်မှာဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် နာဂစ်မုန်းတိုင်းအပြီးမှာ အထီးကျန် မြန်မာနိုင်ငံကို အနောက်ကမ္ဘာနဲ့ နီးစပ်အောင် ဆောင်ရွက် ပေးခဲ့တဲ့ အာဆီယံ ရဲ့ အခန်းကဏ္ဍ အကြောင်း ပြောဆိုရာမှာ
"အဲဒီတုံးက မြန်မာနိုင်ငံဟာ အသွင်တစ်မျိုးပါ၊ ဒါပေမဲ့ မြန်မာနိုင်ငံအတွက် ကမ္ဘာကြီးကို ကျနော်တို့ ယူဆောင်ခဲ့တယ်၊ ကုလသမဂ္ဂကို ခေါ်ဆောင်ခဲ့တယ်၊ မြန်မာအစိုးရခေါင်းဆောင်ပိုင်း စိုးရိမ်စိတ်လျော့ပါးအောင်၊ ပြည်သူတွေ သက်သောင့်သက်သာဖြစ်သွားအောင် အာဆီယံက ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ကမ္ဘာကလည်း အရင်လို မျက်နှာထားမတင်းတော့ပါဘူး၊ အဲဒီနောက်ပိုင်း မြန်မာပြည် ပွင့်သွားတာဟာ အာဆီယံအတွက် အင်မတန် အာရကျေနပ်စရာကောင်းလှပါတယ် "လို့ သြစတေးလျ ABC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။