အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နိုင်ငံရေးနဲ့မသက်ဆိုင်သူသာ ဖိတ်ကြား

RFA Burmese
2023.02.01
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး နိုင်ငံရေးနဲ့မသက်ဆိုင်သူသာ ဖိတ်ကြား ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်လာသော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ(Retno Marsudi)။
Reuters

အာဆီယံ- အရှေ့တောင်အာရှနိုင်ငံများအသင်းက ကျင်းပမယ့် နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးကို နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ်ကိုပဲ ဖိတ်ကြားထားတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ (Retno Marsudi)က ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။

နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကိုယ်စားလှယ်စေလွှတ်ဖို့ မြန်မာစစ်ကောင်စီက အရင်က အမြဲငြင်းပယ်တာမို့ အခုလာမယ့် အစည်းအဝေးအတွက် ကိုယ်စားလှယ်စေလွှတ်တဲ့ကိစ္စက မြန်မာရဲ့သဘောထားပေါ်မူတည်တယ်လို့ ပြောတဲ့အကြောင်း Jakata Globe သတင်းက ဖော်ပြပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမှာ ဒီလ ၃ ရက်နဲ့ ၄ ရက်မှာ ၃၂ ကြိမ်မြောက် အာဆီယံညှိနှိုင်းရေးကောင်စီနဲ့ ဝန်ကြီးအဆင့်အစည်းအဝေး တက်ရောက်ဖို့ ရှိပါတယ်။

ဒီလိုအဆင့်မြင့်အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီတက်ရောက်ခွင့်ကို အာဆီယံက ပိတ်ပင်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။