မြန်မာ-အာဆီယံ အထူးသံအဖြစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး တာဝန်ယူမည်

2023.01.11
မြန်မာ-အာဆီယံ အထူးသံအဖြစ် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး တာဝန်ယူမည် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ
Photo: Reuters

မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ အာဆီယံ အထူးသံတမန်ရုံး ဖွင့်လှစ်ထားရှိပြီး၊ ကိုယ်တိုင်ဦးဆောင်သွားမယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီ (Retno Marsudi) က ပြောကြားလိုက်ပါတယ်။

အာဆီယံအထူးသံတမန်အဖြစ် တာဝန်ယူမယ့်ကာလအတွင်း မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ စေ့စပ်ဆွေးနွေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ မနေ့က ပြောကြားတဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ရက်နိုမာဆူဒီက ထည့်သွင်းပြောခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးပြဿနာကနေ မြန်မာနိုင်ငံ ထွက်ပေါက်ရအောင် အင်ဒိုနီးရှားအနေနဲ့ တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားသွားမယ်လို့လည်း သူကကတိပေးပါတယ်။

ပြဿနာဖြေရှင်းဖို့ နိုင်ငံတော်အဆင့် စေ့စပ်ဆွေးနွေးရေးက အရေးကြီးတဲ့အတွက် မြန်မာနိုင်ငံက သက်ဆိုင်သူအားလုံးနဲ့ အာဆီယံ အတွင်းရေးမှူးချုပ် တွေ့ခွင့်ရဖို့လည်း တောင်းဆိုပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အာဆီယံကချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီဘက်က လိုက်နာအကောင်အထည်ဖော်တာ မရှိသေးဘူးလို့လည်း ရက်နိုမာဆူဒီကထောက်ပြပါတယ်။

မြန်မာ့အရေးကြောင့် အာဆီယံရဲ့ ညီညွတ်ရေးကို ဓားစာခံ အဖြစ်မခံနိုင်ဘူးလို့လည်း ရက်နိုမာဆူဒီက ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။