အာဆီယံ ထိပ်သီးညီလာခံမှာ အရပ်ဘက်ကိုယ်စားလှယ် တစ်ဦးကို ဖိတ်ကြားမည်

လာမယ့် အာဆီယံထိပ်သီးညီလာခံမှာ မြန်မာနိုင်ငံအတွက် နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ အရပ်ဘက် ကိုယ်စားလှယ် တစ်ယောက်ကို ဖိတ်ကြားမယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌက ဒီနေ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ ရိုက်တာ သတင်းဌာနကို ပြောကြားထားပါတယ်။
အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်နေ့အထိ ဘရူနိုင်းနိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့ အာဆီယံ ထိပ်သီးညီလာ ခံကို စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ကြားဖို့အတွက် အောက်တိုဘာ ၁၅ ရက် မနေ့က အထူးအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီအထူးစည်းအဝေး ကျင်းပနေချိန်မှာပဲ အာဆီယံအထူးသံတမန် အာရီဝမ်ယူစွတ်ရဲ့ မြန်မာနိုင်ငံခရီးစဉ် အဆင်ပြေချောမွေ့အောင် သက်ဆိုင်ရာ ပုဂ္ဂိုလ်အားလုံးနဲ့ လွတ်လွတ်လပ်လပ် တွေ့ခွင့်ပေးဖို့ ဗြိတန်၊ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ တီမော၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ ပူးတွဲပြီး မြန်မာစစ်တပ်ကို တောင်းဆိုခဲ့ကြပါတယ်။
ဒါပေမဲ့လည်း စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တွေ့ဆုံခွင့်ပေးမယ့် အထဲမှာ NLD ပါတီဝင်တွေ၊ တရားရုံးမှာ အမှုရင်ဆိုင်မထားရသူတွေ၊ ထင်ရှားတဲ့သူတွေ အစရှိသဖြင့် တွေ့ခွင့်ပေး မယ်လို့ RFA ကို ပြောကြားထားပါတယ်။
မြန်မာနိုင်ငံကိုလာမယ်ဆိုပြီး ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေထွက်ခဲ့တဲ့ အာဆီယံ အထူးကိုယ်စားလှယ် အာရီဝမ်ယူစွတ်ရဲ့ ခရီးစဉ်ပျက်ပြီးနောက် အထူးအစည်းအဝေးကနေ အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။