အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ စည်းဝေးပွဲ ပြီးစီး


2014.08.10
asean-305 နေပြည်တော်မှာ သြဂုတ်လ ၉ရက်နေ့က အာဆီယံ၊ အမေရိကန်ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပစဉ်
Photo: MNA

၄၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ အရှေ့အာရှထိပ်သီးအစည်း အဝေး ကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနမှာ ဒီနေ့ နောက်ဆုံးနေ့အဖြစ် ကျင်းပခဲ့ပါတယ်။

တဆက်တည်း ကျင်းပတဲ့ အာဆီယံနဲ့ နယူးဇီလန်နိုင် ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံနိုင် ငံများနဲ့ နယူးဇီလန် ပညာသင်ဆုအစီအစဉ်၊ လူငယ် စီးပွားရေးလုပ်ငန်းရှင်များဖလှယ်ရေး၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုနဲ့ လယ်ယာစိုက်ပျိုးရေးစတဲ့ ကိစ္စရပ်တွေကိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဆီယံ- သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် သြစတြေးလျနိုင် ငံက ငါးနှစ်စီမံကိန်းသတ်မှတ်ပြီး ကူညီဆောင်ရွက်ပေး သွားမယ်လို့လည်း သိရပါတယ်။

ဒီနေ့ အစည်းအဝေးတွေကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအပြင် အမေရိကန်၊ ရုရှား၊ တရုတ်၊ ကိုရီးယား၊ ဂျပန် ၊ သြစတြေးလျ၊ ကနေဒါနဲ့ အိန္ဒိယနိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။