အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းများ ဆွေးနွေးပွဲ ကမ္ဘောဒီးယား အစိုးရက ကန့်သတ်
2012.03.30
လူထုအခြေပြု အဖွဲ့အစည်းတွေ ဆွေးနွေးနေတဲ့ အကြောင်းအရာတွေထဲမှာ မြန်မာအစိုးရရဲ့ အာဆီယံဥက္ကဋ္ဌ အလှည့်ကျကိစ္စ၊ ဒေသတွင်းက နိုင်ငံတွေက မြေသိမ်း ယာသိမ်းကိစ္စတွေအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကိစ္စတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
အခုလို မြန်မာအပါအဝင် အာဆီယံတိုင်းပြည်တွေက လူမှုှုအဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲတွေကို ပြောင်းရွှေ့ခိုင်းတာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အာဆီယံနိုင်ငံ ခေါင်းဆောင်တွေက မလေးစားရာ ရောက်တယ်လို့ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများအဖွဲ့တာဝန်ခံ မခင်ဥမ္မာက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းတွေ ဖွဲ့စည်းလုပ်ဆောင်ရာမှာ တွေ့ကြုံနေရတဲ့ အခက်အခဲတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံက အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ဆွေးနွေးဖို့ ပြင်ဆင်ထားရာမှာ အခုလို ပြောင်းရွှေ့ခံရတာလို့ ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲ ပထမနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကိုပါ မချိတ်ဆွဲရဘူးလို့ တားမြစ်ခဲ့သလို ဒုတိယနေ့မှာ အခုလိုဆွေးနွေးပွဲနေရာကို အတင်းပြောင်းရွှေ့ခိုင်းခဲ့တာလို့ ဆိုပါတယ်။