အာဆီယံသဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ စင်္ကာပူနဲ့အင်ဒိုနီးရှား ထပ်မံတိုက်တွန်း

2022.02.01
အာဆီယံသဘောတူညီချက်တွေ အကောင်အထည်ဖော်ဖို့ စင်္ကာပူနဲ့အင်ဒိုနီးရှား ထပ်မံတိုက်တွန်း အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် တည်ရှိသော အာဆီယံအတွင်းရေးမှူးချုပ်ရုံး။
Photo: Reuters

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ပြေလည်စေဖို့ အာဆီယံနိုင်ငံတွေရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိမနေလို့ စိုးရိမ်စိတ်ပျက်တဲ့အကြောင်း စင်္ကာပူနဲ့အင်ဒိုနီးရှားနိုင်ငံတွေက အာဏာသိမ်း တစ်နှစ်ပြည့်တဲ့နေ့မှာပဲ ကြေညာချက်တွေ ထုတ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ အခြေအနေတွေက ပြည်သူတွေအတွက် ပိုပြီးဆိုးဝါးလာနေတဲ့အကြောင်း၊ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ မြန်မာစစ်ကောင်စီကို တိုက်တွန်းတယ်လို့ စင်္ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာပြီး သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံရေး ဖြစ်ပေါ်ဖို့ကိုလည်း တိုက်တွန်းတယ်လို့ ဆိုပါတယ်။

အဖမ်းခံထားရတဲ့ သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခြားသားတွေ အပါအဝင် စစ်ကောင်စီက ဖမ်းဆီးထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ကိုလည်း မြန်မာစစ်ခေါင်းဆောင်တွေကို တိုက်တွန်းတယ်လို့ စင်္ကာပူနဲ့ အင်ဒိုနီးရှားနိုင်ငံတွေရဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။