အာဆီယံ လူထုအခြေပြုအဖွဲ့များ မြန်မာ့နိုင်ငံရေး အခြေအနေ ဆွေးနွေး
2011.05.03

aseancivilsociety.net
ညီလာခံရဲ့အဖွင့်မိန့်ခွန်းမှာ ကိုယ်တိုင် တက်ရောက်လာတဲ့ အင်ဒိုနီးရှား ဒုတိယသမ္မတ Dr. Boediono နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဗီဒီယိုမိန့်ခွန်းကို ပြသခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းမှာ အင်ဒိုနီးရှားနိုင်ငံမှာ အာဏာရှင် ဗိုလ်ချုပ် ဆူဟာတို အစိုးရ အုပ်ချုပ်မှုအောက်ကနေ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သလိုပဲ မြန်မာနိုင်ငံမှာလည်း အလားတူ အောင်မြင်မှုမျိူး ရချင်ပါတယ်လို့ ပြောသွားပါတယ်။
မြန်မာ့အရေးအနေနဲ့ ၂၀၁၀ရွေးကောက်ပွဲ ကျင်းပခဲ့ပေမယ့် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မရှိသေးဘူးဆိုတဲ့ အကြောင်း အစီရင်ခံ တင်ပြမှာဖြစ်တယ်လို့ ညီလာခံကို တက်ရောက်နေသူ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ရဲ့ ပြောခွင့်ရ အမျိူးသမီး မခင်ဥမ္မာက ပြောပါတယ်။
အာဆီယံ လူထုညီလာခံကို မြန်မာအစိုးရဘက်က စေလွှတ်တဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြပါတယ်။ ညီလာခံကို မေလ (၃) ရက်နေ့ကနေ (၅)ရက်နေထိ ဂျကာတာမြို့မှာ ကျင်းပပြီး ကမ္ဘာတဝှမ်းက တက်ရောက်လာသူ ကိုယ်စားလှယ်ပေါင်း တစ်ထောင်ကျော်ရှိပါတယ်။
ဒီညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို မေလ (၅)ရက်နေ့မှာကျင်းပမယ့် အာဆီယံ ထိပ်သီးညီလာခံကို ပေးအပ်မှာ ဖြစ်ပါတယ်။ လက်ရှိ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌ နေရာကို အင်ဒိုနီးရှားနိုင်ငံက ၂၀၁၁ခုနှစ် ဇန်နဝါရီလမှာ စတင် ထမ်းဆောင်ခဲ့ပါတယ်။
မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ပြောခွင့်ရအမျိူးသမီး မခင်ဥမ္မာကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက် |
![]() |
အသံဖိုင်ယူရန် |