စစ်အစိုးရရဲ့ ကမ်းလှမ်းမှုအပေါ် အရှိုချင်းအမျိုးသားပါတီ ငြင်းပယ်

2021.02.05
စစ်အစိုးရရဲ့ ကမ်းလှမ်းမှုအပေါ် အရှိုချင်းအမျိုးသားပါတီ ငြင်းပယ် အရှိုချင်းအမျိုးသားပါတီအဖွဲ့ဝင်တွေကို ၂၀၁၅၊ ဇန်နဝါရီလက မကွေးတိုင်း၊ ငဖဲမြို့နယ်၊ လင်းတဲရွာမှာ ကျင်းပတဲ့ ပါတီညီလာခံမှာ တွေ့ရစဉ်
Photo: Asho Chin National Party

အာဏာသိမ်းစစ်အစိုးရက ဖွဲ့စည်းနေတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ နေရာတစ်နေရာ ပါဝင်ဖို့ တပ်မတော်ဘက်က အရှိုချင်း အမျိုးသားပါတီကို ကမ်းလှမ်းခဲ့ပေမယ့် ပါတီက လက်မခံဘဲ ငြင်းပယ်ခဲ့ပါတယ်။

အရှိုချင်းအမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်က ရာထူးနေရာအတွက် ရပ်တည်တဲ့ ပါတီမဟုတ်လို့ လက်မခံခဲ့တာလို့ ပြောပါတယ်။

“ကျွန်တော်တို့က ကမ်းလှမ်းတာ လက်မခံတာကတော့ မလုပ်ချင်လို့ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ရာထူးနေရာရဖို့အတွက် ရပ်တည်တဲ့၊ လှုပ်ရှားတဲ့ပါတီ နိုင်ငံရေးပါတီမဟုတ်ပါဘူး။ ကျွန်တော်တို့က ကိုယ့်တိုင်းရင်းသားလူမျိုးတွေ ဖက်ဒရယ်လို အခွင့်အရေးတွေ၊ တိုင်းရင်းသား လူနည်းစု တွေရဲ့ နိုင်ငံရေး ရပိုင်ခွင့်အရေးတွေ ဒီထက်ကျယ်ပြန့်တဲ့ အခွင့်အရေးရဖို့ အဓိကထားပြီးတော့ လုပ်တာ ဖြစ်တဲ့ပါတီပါ။ ဒါကြောင့် ဒီလိုမျိုး သာမန်ရာထူးလေး၊ နေရာလေး ဒါမျိုးလေးတွေနဲ့ စိတ်မဝင်စားလို့ မလုပ်တာပါလို့ ကျွန်တော်ပြောချင်ပါတယ်။”

အရှိုချင်းအမျိုးသားပါတီကို မနေ့က ဖုန်းနဲ့ ကမ်းလှမ်းခဲ့တာလို့ ဆိုပါတယ်။

ချင်းပါတီနောက်တစ်ခုဖြစ်တဲ့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD က တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူတာကို ကန့်ကွက်ကြောင်း ဖေဖော်ဝါရီ ၄ ရက်နေ့က သဘောထား ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-02-08 07:54

ခေါင်းဆောင်ကောင်း