ငြိမ်းစုစီ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် အတည်ပြု


2018.03.07
amyothar-parliament-mar7-622.jpg အမျိုးသားလွှတ်တော်အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ မတ်လ ၇ ရက်နေ့က ကျင်းပစဉ်
ဓါတ်ပုံ - အမျိုးသားလွှတ်တော်

အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ကန့်ကွက်နေတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဒီနေ့ မဲခွဲ အတည်ပြုလိုက်ပါတယ်။

အဲဒီဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက တင်သွင်းတာဖြစ်ပြီး ဒီနေ့အထိ လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦး ဆွေးနွေးရာ ၁၂ ဦးက ကန့်ကွက်ခဲ့ပါတယ်။

ကန့်ကွက်သူရှိတာကြောင့် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၁၃ ၊ ကန့်ကွက်မဲ ၇၈ မဲသာ ရှိတဲ့အတွက် အဲဒီဥပဒေ ကြမ်းကို အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်တာဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးရဦးမှာဖြစ်ပါတယ်။

အဲဒီဥပဒေကြမ်းဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်ရာရောက်တယ်ဆိုပြီး ပြီးခဲ့တဲ့မတ်လ ၅ ရက်နေ့ က နိုင်ငံရေး၊ လူမှုရေး၊ လူ့အခွင့်အရေး၊ တောင်သူလယ်သမား အလုပ်သမားအရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ အရပ်ဖက်အဖွဲ့ ၂၀၀ ကျော်က ဦးဆောင်ပြီး လူဦးရေ ၅၀၀ ကျော်က ရန်ကုန်မြို့မှာ ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။